Monday, August 18, 2014

‘‘ရိုးရာယဉ်ကျေးမှုတွေ ကြွယ်ဝချမ်းသာအောင် ထိန်းသိမ်း ထားနိုင် တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေက အရမ်း ကံကောင်း တယ်’’

ဖိလစ်ပိုင်နိုင်ငံမှ အလှမယ်များသည် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင်ထင်ရှားကျော်ကြားကြပြီး ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သော Miss World ၊Miss International နှင့် Miss Supranational ဆုသုံးဆုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ဂုဏ်ရည်အေးကျော် သွားရောက်ယှဉ်ပြိုင်ခဲ့သာ Miss International ပြိုင်ပွဲ၏ Miss International 2013 ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ မစ္စဘီအာရို့စ်ဆန်တီယာဂိုသည် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ သြဂုတ် ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် Miss International  Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲ၌ ဒိုင်အဖြစ်ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။၎င်း၏ အလှမယ်ဘ၀နှင့် မြန်မာနိုင်ငံမှ အလှမယ်များကို ရွေးချယ်မည့်အတွေ့အကြုံများနှင့်ပတ်သက်၍ တွေ့ဆုံဖြစ်ခဲ့ပါသည်။
Miss International ၂၀၁၃  ပြိုင်ပွဲ ကာလကတည်းက မြန်မာပြည် လာလည်ချင်တယ်လို့ ဂုဏ်ရည် ကပြောပါတယ်။ ဘာကြောင့် မြန်မာပြည်ကို  အလည်လာချင်တာ လဲ။ မြန်မာနိုင်ငံကို လာချင်တဲ့အ ကြောင်းရင်းက မြန်မာမှာ ယဉ်ကျေးမှုတွေအများကြီးရှိတယ်။ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံလို့ မြင်မိတယ်။ နှစ်ပေါင်းများစွာတိုင်အောင် ကိုလိုနီ သိမ်း ပိုက်ခံရတယ်။   ဒါပေမဲ့ ရိုးရာက ပျောက်ပျက်မသွားဘူး။ ကျွန်မဆိုရင် ဖိလစ်ပိုင်မှာ မွေးတယ်။ ကနေဒါမှာ ကြီးပြင်း တယ်။ ဖိလစ်ပိုင်ကို   ပြန်ရောက်တဲ့အချိန်မှာ ရိုးရာ၊ ယဉ်ကျေးမှုတွေက မရှိတော့ဘူး။ ပျောက်သွားပြီ။ မြန်မာ့ရိုးရာက အခုထိရှိနေတယ်။ ရိုးရာဝတ်စုံတွေကို မြတ်မြတ်နိုးနိုး ၀တ်ကြတယ်။
၂၀၁၃ ခုနှစ်မှာဆို ဖိလစ်ပိုင် ရဲ့ အလှမယ်များက နိုင်ငံတကာ ပြိုင်ပွဲအသီးသီးမှာ သရဖူတွေ ဆွတ်ခူးကြတယ်။ ဖိလစ်ပိုင် အလှမယ်တွေရဲ့ သရဖူသိမ်းပိုက် နိုင်တဲ့ လျှို့ဝှက်ချက်လေးကို သိ ချင်ပါတယ်။ အလှမယ်ပြိုင်ပွဲတစ်ခုကို အချိန်တွေ အများကြီး ယူပြီးပြင် ဆင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို အသက်မွေးဝမ်းကျောင်း အနေနဲ့ လုပ်တာ။ ပြိုင်ပွဲတစ်ခုကို မဆက်သွယ်မီ ပြိုင်ပွဲဝင် မဖြစ်မီ မှာ ၂ နှစ်ဆက်တိုက်လောက် ထရိန်နင်လုပ်တယ်။  အဲဒါကြောင့်ဒီလိုသရဖူတွေကိုရတယ်လို့ထင် တယ်။ ဖိလစ်ပင်းမှာ ဒိုင်အဖြစ် အ များကြီးဆောင်ရွက်ခဲ့တယ်ဆို တော့ မြန်မာမှာဒိုင်အဖြစ် ဆောင်ရွက်ဖို့အတွက် လာတဲ့ပွဲမှာကော မြန်မာအလှမယ်တွေကို   ဘယ်လိုရွေးချယ်သွားမလဲ။
Miss International သရဖူရနိုင်မယ့် အနီးစပ်ဆုံး မိန်းက လေးကို ရွေးချယ်ထုတ်သွားမှာ ပါ။ အဲဒီအတွက်ကို သေသေချာ ချာကို ကြေးများစွာနဲ့ကို သေချာ စစ် ထုတ်ရွေးချယ်သွားမယ်။ ကိုယ် တိုင်လာရောက်ရွေးချယ်တဲ့ပွဲမှာ အင်တာနေရှင်နယ် သရဖူကိုရ နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အတွေ့အကြုံလည်းဖြစ်ပြီးတော့ ကျွန်မအတွက်လည်း အောင်မြင် မှုတစ်ခုဖြစ်မယ်။ မြန်မာနိုင်ငံအ တွက် တကယ်အောင်မြင်မှုကို သယ်ဆောင်လာနိုင်မယ့် မိန်းက လေးကို ရှာဖွေသွားမယ်။ လက်ရှိ ဖိလစ်ပင်းမှာ အလှမယ် တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လှုပ်ရှားနေသလဲ။
ပရဟိတ လှုပ်ရှားမှုတွေပဲ အများကြီး  လုပ်ဖြစ်နေတယ်။ ကျွန်မတို့ နိုင်ငံက တိုင်ဖွန်းမုန်တိုင်း အမြဲတမ်းဖြစ်နေတော့ တိုင်ဖွန်း ဒဏ်ခံစားရတဲ့ ဒေသကို သွားပြီး တော့ လှူဒါန်းတာတွေ၊ အားပေး တာတွေ လုပ်ဖြစ်တယ်။ စိတ် ဓာတ်တက်ကြွဖို့အတွက် မိန့်ခွန်း တွေလည်း ပြောပေးတယ်။ ဖိလစ်ပိုင်ရဲ့  ဒေသအသေးစားလေး မှာ      ကိုယ်ပိုင်စာကြည့်တိုက် လေးတစ်ခု တည်ထောင်ပေးထား တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံကကလေးတွေက သူတို့ရဲ့ ဖြစ်တည်မှု၊ သူတို့ရဲ့ ပညာရေး အရေးပါမှုကို မသိကြဘူး။ ဒီအတွက်ကို စာကြည့်တိုက်လေး လုပ်ပေးတယ်။ ဖိလစ်ပင်း အလှမယ်တွေနဲ့ မြန်မာပရိသတ်တွေက မစိမ်းဘူး ဆိုတော့ မြန်မာပရိသတ်ကို ဘာ ပြောချင်သလဲ။ အခုအချိန်ထိ ရိုးရာယဉ်ကျေးမှုတွေ   ကြွယ်ဝချမ်းသာအောင် ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေက အရမ်းကံကောင်းတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့နိုင်ငံက ဖိလစ်ပိုင်တွေကလည်း နွေးထွေး မှုရှိတယ်။ ဒီကလူတွေကလည်း ကျွန်မအပေါ် အရမ်းနွေးထွေး တဲ့အတွက် ကိုယ့်အိမ်မှာပဲ ရှိနေ သလို ခံစားရတယ်။

No comments:

Post a Comment

back to top