Monday, August 18, 2014

စောငမန်းနှင့် တူးတူးစိန်ခေါ်ပွဲ သရေကျ

မြန်မာပြည်ချန်ပီယံလုပွဲ တွင် စောငမန်းကိုစိန်ခေါ်သူ တူးတူး အနိုင်ရရှိခြဲ့ခင်းမရှိ၍ စောငမန်းမှာ မြန်မာပြည်ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ သြဂုတ်လ ၁၇ရက်က ရန် ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအား ကစားခန်းမ၌ ယှဉ်ပြိုင်ခဲ့သည့်  မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲတွင် ပွဲစဉ်ရှစ်ပွဲပါဝင်ခဲ့ပြီး မြန်မာပြည် ချန်ပီယံဟောင်းများဖြစ်ကြသည့် လုံးချောနှင့် ရွှေဝါထွန်းတို့သုံးချီ စိန်ခေါ်ပွဲကို ထည့်သွင်း ကျင်းပခဲ့သည်။ အဆိုပါပွဲစဉ်မှာ  သရေဖြင့်သာအဆုံးသတ်ခဲ့သည်။

ငါးချီစိန်ခေါ်ပွဲများတွင်စော ရွှေကျော်နှင့် စောလယ်ပွယ်ထူးတို့ မှာ ငါးချီပြည့်သည်အထိအလဲထိုး နိုင်ခြင်းမရှိသောကြောင့် သရေ ဖြင့်သာ ပြီးဆုံးခဲ့သည်။ သားအသဲ တစ်ပွင့်နှင့် အားမာန်တို့ပွဲစဉ်၊ ကျားပေါက်နှင့် ရဲတံခွန်တို့ပွဲစဉ် များမှာ သရေဖြင့်သာပြီးဆုံးခဲ့ သည်။ ငါးချီအထူးစိန်ခေါ်ပွဲများ တွင် ရဲရင့်အောင်(နဂါးမာန်)က စောဂပရေမှူးကို တတိယအချီ တစ်မိနစ် ၂၅စက္ကန့်တွင်အလဲထိုး နိုင်ခဲ့ပြီး ထွန်းထွန်း(၀ါဆို)နှင့်စော ဂေါ်မူတို(သတ္တိ)တို့ပွဲစဉ်တွင် စော ဂေါ်မူတိုက ဒုတိယအချီ ၂ မိနစ်  ၃၄စက္ကန့်တွင်အလဲထိုးအနိုင်ယူ နိုင်ခဲ့သည်။ မြန်မာပြည်ချန်ပီယံစိန်ခေါ် ပွဲကို နောက်ဆုံးပွဲစဉ်အဖြစ်ယှဉ် ပြိုင်ထိုးသတ်ခဲ့ပြီး အစပိုင်းတွင်အ ပြန်အလှန်ထိုးသတ်နိုင်ပြီး နောက်ပိုင်းအချီများတွင် စောငမန်းမှာ သက်လုံကျဆင်းလာခဲ့ပြီး တူးတူး၏ထိုးချက်များကို ခံခဲ့ရသော်လည်း ငါးချီပြည့်သည်အထိ အလဲထိုးနိုင်ခဲ့ခြင်းမရှိ၍ သရေဖြင့်သာပြီးဆုံးခဲ့သည်။ စောငမန်းမှာ တူးတူးနှင့်ပွဲ စဉ်တွင် သရေရလဒ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့်မြန် မာပြည်ချန်ပီယံဘွဲ့ကိုဆက်လက် ထိန်းထားနိုင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၂၁ရက်တွင် ဆီး ဂိမ်းရွှေတံဆိပ်ဆုရှင် ထွန်းထွန်း မင်းနှင့် မြန်မာပြည်ချန်ပီယံစိန် ခေါ်ပွဲထပ်မံယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။စောငမန်းမှာ မြန်မာပြည် ချန်ပီယံဘွဲ့ကို ၂၀၀၉ခုနှစ်တွင် ချန်ပီယံဟောင်းလုံးချောနှင့်ယှဉ် ပြိုင်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိခဲ့ ၍ မြန်မာပြည်ချန်ပီယံဖြစ်လာခြင်းဖြစ်ပြီး မြန်မာပြည် ချန်ပီယံဘွဲ့ကို ငါးနှစ်တိုင် ထိန်းထားနိုင်ခဲ့သည်။

No comments:

Post a Comment

back to top