Monday, August 4, 2014

တစ်ကိုယ်တော် ဖျော်ဖြေပွဲ စီစဉ်နေတဲ့ဇော်ပိုင်

ယခုနှစ်အတွင်း၌ နာမည်ကြီးအဆိုတော်များ၏ တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲများ  ဆက်တိုက်ပြုလုပ်လာ သလို ပွင့်လင်းရာသီတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း ဇော်ပိုင်ကပြော သည်‘‘ဒီနှစ်ထဲမှာတစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့အစီအစဉ်ရှိပါတယ်။ ပွင့်လင်းရာသီ စက်တင် ဘာ၊ အောက်တိုဘာလောက် လုပ်ဖြစ်မယ်ထင်တယ်’’ဟု ၎င်းက ပြော သည်။သြဂုတ်အတွင်းတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့များ၌ ဖျော်ဖြေပွဲများသီဆိုရန် လက်ခံထားပြီး စက်တင်ဘာ ထဲတွင် ပြည် ပဖျော်ဖြေရေးခရီးသွား ရောက်ရန်အစီအစဉ်ရှိကြောင်း ၎င်းကဆိုသည်။ Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ ဟဲလေး၊ စန္ဒီမြင့်လွင်တို့နှင့်အတူ သြဂုတ် ၁၆ ရက်တွင် ရန်ကုန်၌ဖျော်ဖြေ မည့်ဇော်ပိုင်က -‘‘ပရိသတ်အရေ အတွက်ကို ကန့်သတ်ထားတာ ဆိုတော့ ပရိသတ်နဲ့ ရင်းရင်းနှီးနှီး အနီးကပ်ဆိုရမယ့် ပထမဆုံးပွဲ လို့ပြောလို့ရတယ်။ ဒီပွဲမှာဖျော်ဖြေမှု အနေနဲ့ ပထမပိုင်းမှာ သီချင်း အသစ်တွေ ဖျော်ဖြေပေးမယ်။ ဒုတိယပိုင်း မှာ တော့ဒီပွဲမှာပါတဲ့အနုပညာရှင် တစ်ယောက်နဲ့ စုံတွဲဆိုဖို့ အစီအစဉ်ရှိတယ်။ ဂီတပုံစံတွေပြောင်းပြီး ဆိုဖို့လည်း အစီအစဉ်ရှိတယ်’’ ဟုပြောသည်။လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် တစ်ကိုယ်တော်ခွေတစ်ခွေနှင့် အတွဲခွေတစ် ခွေစီစဉ်လျက်ရှိပြီး ယခုနှစ် အတွင်းထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း ဇော်ပိုင်ကပြောသည်။

No comments:

Post a Comment

back to top