Monday, August 4, 2014

Professional Multi Designer သင်တန်း ဖွင့်လှစ်မည်

မီဒီယာနယ်ပယ် အသီးသီး၌ ကျွမ်းကျင် ပညာရှင် အဆင့်အဖြစ် ရပ်တည်အသက် မွေးလိုသူများ အတွက် မီဒီယာဘာသာရပ် ပေါင်းစုံကို သင်ကြားပေးသော Professional Multi Designer သင်တန်းကို ယခုလမှ စတင်၍ Myanmar WWW Institute (M3WI) သင်တန်း ကျောင်းမှ ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဒီဇိုင်းပညာရှင် တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် အတွက် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ ပညာရပ်များ၊ ဟာမိုနီကာလာများ အကြောင်း၊ အလင်း အမှောင်နှင့် ဒီဇိုင်း အနေအထားတို့ကို သိရှိစေရန် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းတွင် Vector Graphic နှင့် Logo Design များ ဖန်တီး ရေးဆွဲခြင်း အတွက် Adobe Illustrator အရည်အသွေးမြင့် Computer Graphic (CG) များ ဖန်တီးခြင်း၊ ဓာတ်ပုံ ပြုပြင်ခြင်း၊ ဗီနိုင်း၊ ဘေဘုတ်၊ ပိုစတာများ ဖန်တီး ရေးဆွဲခြင်းအတွက် Adobe Photoshop သုံးဖက်မြင် ရှုခင်းများ၊ ရုပ်ပုံများ ဖန်တီး ရေးဆွဲခြင်းအတွက် Bryce လှုပ်ရှားမှုပုံရိပ် Animation များနှင့် Game များ ဖန်တီး ရေးဆွဲခြင်းစသော ဘာသာရပ်များ လေ့လာသင်ယူ ရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top