တောင်ကိုရီးယား Mabi Doll အဖွဲ့နှင့်တွဲဖက်သီချင်းဆိုမည့် အလှမယ် မေမြတ်နိုး
မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၏ K Pop
Groupမှ Mabi Doll အဖွဲ့နှင့် ကိုရီးယားသီချင်းများ သီဆိုရန် သြဂုတ် ၁၅
ရက်တွင် ကိုရီးနိုင်ငံသို့ သွားရောက်မည်ဟု မေမြတ်နိုးက မဇ္ဈိမကို ပြောသည်။ “ကိုရီးယားဘာသာစကားနဲ့ပဲ သီချင်းဆိုမှပါ” ဟု၎င်းကပြောသည်။
အဆိုပါ K Pop Groupမှ Mabi Dollအဖွဲ့တွင် မေမြတ်နိုးပါဝင်ပြီး ကိုရီးယားမှအဆိုရှင် နှစ်ဦး၊ဥရောပနိုင်ငံမှ အဆိုရှင်တစ်ဦး စုစုပေါင်းလေးဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် သည်။
အဆိုပါ K Pop Groupမှ Mabi Dollအဖွဲ့တွင် မေမြတ်နိုးပါဝင်ပြီး ကိုရီးယားမှအဆိုရှင် နှစ်ဦး၊ဥရောပနိုင်ငံမှ အဆိုရှင်တစ်ဦး စုစုပေါင်းလေးဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် သည်။
၎င်း K Pop
GroupမှMabi Dollအဖွဲ့ကို သြဂုတ် ၁၅ ရက်မှ စတင်ပြီး
အသံလေ့ကျင့်ခြင်းများကို Miss Asia Korea Pacific World Organizationက
ဆောင်ရွက်ပေးမည်ဖြစ်ပြီး Crazy သီချင်းတစ်ပုဒ်တည်း ကို အသံသွင်းပြီး
ယင်းသီချင်းကိုပင် ပရိသတ်များ သိရှိစေရန် ထုတ်ဝေသွားမည်ဖြစ်သည်။
ယင်းသီချင်း ထုတ်ဝေပြီးပါက ၎င်းအဖွဲ့အနေဖြင့် သီချင်းများ
စုစည်းကာအယ်ဘမ်တစ်ခွေစာ ထုတ်ဝေသွား မည် ဖြစ်သည်။
အလှမယ်
မေမြတ်နိုးကို ကိုရီးယားနိုင်ငံတွင် သီချင်းဆိုနိုင်ရန် Miss Asia Korea
Pacific World Organization မှရွေးချယ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ၎င်းသည်
နိုဝင်ဘာတွင် ၁၄ တွင်မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိမည်
ဖြစ်သည်။မေမြတ်နိုးသည်ကိုရီးယားနိုင်ငံ၌အနုပညာလှုပ်မှုများကိုလုပ်ကိုင်နိုင် ရန်အတွက်
Miss Asia Korea Pacific World Organizationနှင့်
သုံးနှစ်စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။
လက်ရှိတွင်
အလှမယ်မေမြတ်နိုးသည် နှလုံးသားလေးထဲ မွေးဖွားခွင့်ပြုပါ အတွဲသီချင်းခွေတွင်
ဒီဇင်ဘာသို့သီချင်း၊ ခရစ္စမတ်ချစ်သူ၊ မှော်ဆရာမနဲ့ မျက်လှည့်ဆရာသီချင်းများ
သီဆိုထားသည်ပြီး အိမ်မက်ဆုံရာ season-6 ၏ ညီကိုမောင်နှမများနှင့်လည်း
အတွဲခွေ စီစဉ်လျက် ရှိသည်။
No comments:
Post a Comment