Sunday, August 17, 2014

မြန်မာနိုင်ငံ၌ အမျိုးသား အာမခံ ကောလိပ် ဖွင့်လှစ်ရန် မြန်မာ အမေရိကန်နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံ၌ အမျိုးသားအာမခံ ကောလိပ် ဖွင့်လှစ်ရန်နှင့် ကျန်းမာရေးအာမခံ၊ ကောက်ပဲသီးနှံ အာမခံ၊ ပညာရေးအာမခံ၊ မိုက်ခရိုအာမခံတို့ ထုတ်လုပ်ရောင်းချရန် မြန်မာ၊ အမေရိကန်နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ယမန်နေ့က ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီ လာ ဟိုတယ်၌ ကျင်းပသော အာမခံလုပ်ငန်း ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။ ဆွေးနွေး ပွဲတွင် မြန်မာ့အာမခံလုပ်ငန်း တိုးတက်ရေးအတွက် အနာဂတ် စီမံကိန်းများတွင် အာမခံ အသင်း ဖွဲ့စည်းရေး၊ Data Base ထူထောင်ရေး၊ အမျိုးသားအာမခံကောလိပ် တည်ထောင် ရေးနှင့် ပေါ်လစီအာမခံဟု ခေါ်ဆိုနိုင်သည့် ကျန်းမာရေးအာမခံ၊ ရာသီဥတုရည်ညွှန်းပြု ကောက်ပဲ သီးနှံအာမခံ၊ ပညာရေးအာမခံနှင့် မိုက်ခရိုအာမခံတို့ ထုတ်လုပ်ရောင်းချရေးတို့ကို ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် အမေရိကန် ပြည်ထောင်စု ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းအလုပ်ရုံ ဆွေးနွေးပွဲသည် အာမခံလုပ်ငန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်နှင့် အမေရိကန်ပြည်ထောင်စု ကုန်သည်ကြီးများအသင်းတို့ ပူးတွဲကျင်းပသော ပထမ အကြိမ် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်သည်။' 'နိုင်ငံတကာမှာ သွားနေတဲ့ အာမခံစနစ်တွေ အကုန်လုံး အကောင်အထည်ဖော် တာထက်စာရင် လက်ရှိရောင်းချပေးနေတဲ့ အာမခံစနစ်တွေကိုပဲ မြန်မာလူထုနဲ့ ပိုမိုနီးစပ်လာအောင် တိုးချဲ့လုပ်ပေးသင့်ပါတယ်။ ဥပမာ ပြည်သူလူထုနဲ့ စိမ်းနေသေးတဲ့ အသက်အာမခံမျိုး၊ သူတစ်ပါးထိခိုက်မှု အာမခံနဲ့ ကျန်းမာရေး အာမခံမျိုးကို တိုးချဲ့စည်းရုံး လုပ်ဆောင်ပေးစေချင်ပါတယ်''ဟု ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှ အထွေထွေမန်နေဂျာ ဦးစည်သူက ပြောကြားကြောင်း သိရသည်။


No comments:

Post a Comment

back to top