အီဘိုလာရောဂန္တရကပ်ဆိုက်ရောက်နေသော အနောက်အာဖရိက တွင် ရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ သန်း (၁၀၀) သုံးစွဲမည်
အီဘိုလာရောဂန္တရကပ်ဆိုက်ရောက်နေသော အနောက်အာဖရိကနိုင်ငံများသည် ကမ္ဘာ့အဆိုးရွားဆုံး အပူပိုင်းဒေသဗိုင်းရပ်အားတိုက်ခိုက်ရန်
ဇူလိုင်လ (၃၁) ရက်နေ့က တင်းကျပ်သော ဥပဒေစည်းမျဉ်းများ ချမှတ်ပြီး
ဆောင်ရွက်လျှက်ရှိကာ ဒေသတွင်းအရေးပေါ်ညီလာခံတွင် ရောဂါတိုက်ဖျက်ရေးအတွက်
အမေရိကန်ဒေါ်လာ သန်း (၁၀၀) သုံးစွဲမည်ဟု သဘောတူညီခဲ့ကြသည်။
Sierra
Leone နှင့် Liberia နိုင်ငံခေါင်းဆောင်များသည် ၀ါရှင်တန်တွင် ကျင်းပမည့်
အမေရိကန်-အာဖရိက ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်
လာမည့်သီတင်းပတ်တွင်သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး၊ ၄င်းအစား
“အဆင့်သစ်တုံ့ပြန်အရေးယူမှုပြုရန်” သောကြာနေ့တွင် Guinea တွင်ကျင်းပမည့်
အစည်းအဝေးသို့တက်ရောက်ကြမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ
ပြောကြားခဲ့ သည်။
No comments:
Post a Comment