အိုလံပစ်ချန်ပီယံ အူစိန်ဘို့ကို အားပေးမြဲ အားပေးကြမှာပါလို့ သံတမာန် ခရစ်ဟွိုင်း ပြော
ဓနသဟာယ အားကစားပွဲ သံတမာန် ခရစ်ဟွိုင်းက ဂလပ်စကိုမြို့မှာ အိုလံပစ်မီတာ(၁၀၀)နဲ့ (၂၀၀)ချန်ပီယံ အူစိန်ဘို့ကို အားပေးသူတွေက အားပေးကြမှာပါပဲလို့ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
"ဒီဓနသဟာယ အားကစားပွဲကို ကျွန်တော် အထင်မကြီးပါဘူး"လို့ The Time သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီမှတ်ချက်စကားနဲ့ ပတ်သက်လို့ အူစိန်ဘို့အပေါ် စိတ်မကွက်ကြဖို့ ခရစ်ဟွိုင်းက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ "အူစိန်ဘို့ရဲ့ မှတ်ချက်စကားကို ကျွန်တော် မကြားရပါဘူး။ သူပြောတယ်ဆိုရင်တော့ ရှက်စရာပါပဲ။ဒါပေမယ့် အူစိန်ဘို့ဟာ ကမ္ဘာ့ကျော်တာတို အပြေးသမားပါ။ မနေ့ကပဲ အားကစားရွာမှာ သူ့ကိုတွေ့ခဲ့ပါသေးတယ်။ သူသွားလေရာမှာ သူ့ကိုအားပေးသူတွေက ရှိတာပါပဲ။ ဒီမှာ သူပြေးတာ ကြည့်ချင်လို့ လာကြတဲ့သူတွေက အများကြီးပါပဲ။ အခုအချိန်မှာကတော့ သူ့အမြင်က အဓိကမကျပါဘူး"လို့ သံတမာန် ခရစ်ဟွေးက ပြောပါတယ်။ အူစိန်ဘို့ဟာ ဒီဂလပ်စကို ဓနသဟာယအားကစားပွဲမှာ မီတာ (၁၀၀)လေးယောက် လက်ဆင့်ကမ်း ပြေးပွဲကို ၀င်ရောက် ယှဉ်ပြိုင်မှာပါ။
No comments:
Post a Comment