ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်လာမယ့် ပြည်တော်သာ ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီး
ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်လာမယ့် ပြည်တော်သာ ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီးကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်
ဈေးကုန်းကျေးရွာအနီး မြစိမ်းရောင် တောင်ကြောမှာရှိတဲ့ ရွှေမတ်ကယ်တောင်ပေါ်မှာ တည်ထားနေပြီဖြစ်ပါတယ်။ အလျားပေ (၁၅၀၀)၊ ဉဏ်တော်အမြင့် (၃၀၀)ရှိပြီး ကမ္ဘာပေါ်မှာအကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်နေတဲ့ ပြည်တော်သာ ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီးကို ရွှေနတ်ကယ်တောင် ဆရာတော် ဦးဝိမလဗုဒ်္ဓိက ဦးဆောင်ပြီး လွန်ခဲ့တဲ့ (၂၀၁၃)ခုနှစ် အောက်တိုဘာလ ကတည်းက စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
လက်ရှိမှာတော့ ပြည်တော်သာ ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီး တည်ထားရာ အ၀င်အ၀မှာ မြတ်စွာဘုရားရှင်နဲ့ ရဟန္တာမြတ် (၅၀၀) စီတန်းနေပုံနဲ့ ပေ (၁၈၀) အမြင့်ရှိ ဘုရားကြီးခြေဖ၀ါးတော် (အကြမ်းထည်)ကို တည်ထားပြီးဖြစ်ပါတယ်။ တည်ထားမယ့် လျောင်းတော်မူ ဘုရားကြီးရဲ့အလျားပေဟာ (၁၅၀၀) ရှိတဲ့အတွက် ကျွန်းပေါင်း(၄၀၀)ကျော်တူးပြီး ထိန်းမတ်တည်ထားသွားမှာ ဖြစ်သည်။
ဒီဘုရားကြီးကို လာရောက်ဖူးမျှော်ကြတဲ့ အလှူရှင်တွေရဲ့လှူဒါန်းငွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကျွမ်းကျင် ပညာရှင်တွေရဲ့ အကူအညီတွေရယူပြီး တည်ဆောက်သွားမှာ ဖြစ်ပြီးတော့ ရွှေနတ်ကယ်တောင် ဆရာတော်ကြီးရဲ့ ဆန္ဒအရ ပြီးစီးမယ့်အချိန်ကာလကိုတော့ အတိအကျသတ် မှတ်ထားခြင်းမရှိကြောင်း သိရသည်
ref.mrtv-4
No comments:
Post a Comment