Training Program on Marketing Practices သင်တန်း ဖွင့်လှစ်မည်
ဂျပန်နိုင်ငံ စီးပွားရေးနှင့် စက်မှုဝန်ကြီး ဌာန၏ ပင်လယ်ရပ်ခြား ကျွမ်းကျင်မှု ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ HIDA (ယခင် AOTS) နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)) တို့ ပူးပေါင်း၍ Training Program on Marketing Practices သင်တန်းကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သြဂုတ်လအတွင်း စတင် သင်ကြားပေးမည် ဖြစ်ပြီး အသက် ၂၅ နှစ်မှ ၆ဝ အတွင်းရှိ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်စွာ ရေးသား ပြောဆိုနိုင်သူ၊ ကွန်ပျူတာ အသုံးပြုနိုင်သူ မန်နေဂျာ အဆင့်နှင့် Executives များ၊ ကုမ္ပဏီ၌ Marketing Strategy ကို လုပ်ဆောင်နေသူများ တက်ရောက်နိုင်မည် ဖြစ်သည်။
အသေးစိတ် အချက်အလက် များကို သိရှိလိုပါက ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် HRD ဌာန ဖုန်း-ဝ၁-၂၁၄၃၄၄ လိုင်းခွဲနံပါတ် ၁၃၃ နှင့် ၁၃၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
No comments:
Post a Comment