Tuesday, July 1, 2014



ရွေးကောက်ပွဲစနစ်သုံးသပ်မှု စတင်ပြုလုပ်ကြောင်း ထိုင်းစစ်တပ် အတည်ပြု

ထိုင်းစစ်တပ်မှ ဖွဲ့စည်းထားသော အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကောင် စီအကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာက ရွေးကောက်ပွဲစနစ်ပြန်လည် သုံးသပ်မှုများ စတင်ပြု လုပ်နေကြောင်း အတည်ပြုပြောကြားလိုက်သည်ဟု ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။ ထိုင်းစစ်တပ်သည် ၂၀၁၅ ခုနှစ်တွင် ကျင်းပပေးရန် စီစသ်ထားသော ရွေးကောက်ပွဲကို စနစ်သစ်ဖြင့် ကျင်းပရန် ရည်ရွယ်ထားခြင်းကြောင့် ပြန်လည်သုံးသပ်မှု ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆူရာဆပ်က “နိုင်ငံရေးစနစ်ကို တည်ငြိမ်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်ဖို့အတွက် အသွင်ပြောင်းလုပ်ငန်း အများအပြား ဖော်ဆောင်ဖို့ လိုအပ်မှာပါ။ အာဏာခွဲဝေမှု၊ နိုင်ငံရေးပါတီတွေ အသွင်ပြောင်းလုပ်ငန်းအများအပြား ဖော်ဆောင်ဖို့လိုအပ်မှာပါ။ အာဏာခွဲဝေမှု၊ နိုင်ငံရေးပါတီတွေ အသွင်ပြောင်းမှုတွေအတွက် လိုအပ်တဲ့စည်းမျဉ်းတွေ ချမှတ်နိုင်အောင် ကြိုးစားဖို့ရည်ရွယ်ထားပါတယ်။ ရွေးကောက်ပွဲစနစ်ကိုလဲ ဒီမိုကရေစီစနစ်နဲ့ ညီညွတ်ပြီး ပြည်သူတွေကို မက်လုံးကောင်းကောင်းပေးပြီး အာဏာရယူနိုင်တဲ့အခြေအနေမျိုး မဖြစ်အောင် အားနည်းချက်တွေ ရှာဖေါပြင်ဆင်သွားမှာပါ။ အကျင့်ပျက်မှုတွေနဲ့ ရွေးကောက်ပွဲစနစ်ပြုပြင်ရေုးလုပ်ငန်းစဉ်တွေကို ဦးစားပေး အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်” ဟုပြောသည်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အကျင့်ပျက်လာဘ်စားမှုများနှင့် ဆက်စပ်နေသော အစိုးရ၀န်ထမ်းဟောင်းများနှင့် အုပ်ချုပ်ရေးပိုင်းအရာရှိအချို့ကို လိုအပ်သည့်စစ်ဆေးမေးမြန်း မှုများ ပြုလုပ် လျက်ရှိပြီး ထိုက်တန်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် စီစဉ်နေကြောင်း ထိုင်းအမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးကောင်စီက သတင်းထုတ်ပြန်သည်။ သို့သော် ထိုင်းမီဒီယာများကမူ စစ်တပ်ခေါင်းဆောင်များသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် ဆက်စပ်နေသူများကို ပစ်မှတ်ထားအရေးယူနိုင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ဖော်ပြသည်။

No comments:

Post a Comment

back to top