Tuesday, July 1, 2014



ရေလွှမ်းမိုးမှုတွေကြုံတွေ့နေရသည့် ဘရာဇီးနိုင်ငံတောင်ပိုင်း

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားနေတဲ့ ရေလွှမ်းမိုးမှုတွေကြောင့် လူဦးရေ (၅)သောင်းကျော် ဟာ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ တစ်ပတ်ကြာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းနဲ့အတူပါလာတဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်း မိုးမှုတွေဖြစ်ပွားခဲ့ပြီး လူဦးရေ(ငါးသောင်း)ကျော်ခန့်ဟာ  ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတယ်လို့ တနင်္ဂနွေနေ့မှာ အာဏာပိုင်တွေ ပြောကြားခဲ့ပါတယ်။


"စန်တာကားတီးနား"ပြည်နယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လူဦးရေ(လေးသောင်း)ခန့် ကို နေအိမ်တွေကနေရွှေ့ ပြောင်းကြဖို့ပြောကြားခဲ့ပြီး "ရွိုင်ရို ဂရန်ဒိုဆယ်" Rio Grande do Sul ပြည်နယ်က လူ(တစ်သောင်းခုနစ်ရာ)ဟာ လည်း ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြ တယ်လို့သိရပါတယ်။ အခုလိုရေလွှမ်းမိုးမှုတွေဟာ "စန်တာကားတီးနား"ပြည်နယ်က မြို့(၃၇)ခုနဲ့ "ရွိုင်ရို ဂရန်ဒိုဆယ်"ပြည်နယ် မြို့နယ်ပေါင်း(၅၇)ခုမှာ ကြုံတွေ့နေရတယ်လို့ အာဏာပိုင်တွေက ပြောကြား ခဲ့ပါတယ်။

"ရွိုင်ရို ဂရန်ဒိုဆယ်"ပြည်နယ်မှာ ဇွန်လအတွင်းမိုးသက်မုန်တိုင်း တိုက်ခတ်မှုတွေဟာ (၂)ကြိမ်ထက်မနည်း ရှိနေပြီလို့သိရပါတယ်။ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ပရားနားပြည်နယ်မှာလည်း အခုလအတွင်းမှာပဲ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် လူ(၁၁)ဦးခန့်သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူ (၇)သိန်းထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top