Tuesday, July 1, 2014

ဗီဒီယိုဇာတ်ကားတွေထက် ရုပ်သံဇာတ်လမ်းတွဲတွေ နောက်ပိုင်း ပိုခေတ်စားလာမယ်လို့ ဆိုလိုက်တဲ့ ဆုပန်ထွာ

ဆုပန်ထွာဟာ ခုနောက်ပိုင်း မြူးဇစ်ပိုင်းမှာရော၊ သရုပ်ဆောင်ဘက်မှာပါ အရင်ထက်တောင် ပိုကြိုးစားပြီး သူမရဲ့အနုပညာစွမ်းရည်ကို ချပြလာခဲ့သူပါ။ ခုလတ်တလောမှာလည်း ဇာတ်လမ်းတွဲ ရိုက်ကူးနေ သူဖြစ် သလို သူမပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကလည်း ရုံတင်ထားတာမို့ သူမက အဲ့ဒီအကြောင်း မေးမြန်းကြည့် တဲ့အခါ “ဒီကြားထဲမှာ ဇာတ်လမ်းတွဲရိုက်တာနဲ့ အမျိုးသမီးရေးရာပွဲအတွက် နဲ့ အလုပ်ရှုပ်နေလို့ပါ။ ပြီးတော့ အခု ခိုးခိုးခစ်ခစ် ရုပ်ရှင်ကားလေး တင်နေသေးတယ်။ အဲဒီ့ကားမှာ ဆုပန်ထွာ ဆိုပြီး ဖြစ်လာတဲ့ ဓာတ်ခဲရုပ်ရှင် ကားကြီးထဲကလို လှထုံအဖြစ်နဲ့ လှထုံပုံစံမျိုး ထုံထုံအအ ဇာတ်ရုပ်မျိုး ကိုပြန်ပြီး သရုပ်ဆောင်ထားပါတယ်။
ပရိသတ်တွေ မကြည့်ရသေးရင် ကြည့်စေချင်ပါတယ်။ အခုမပန် နေရယ်လရယ်အမှန်တရားရယ် ဇာတ်လမ်းတွဲရိုက်နေတာလည်း လေးလလောက်ရှိပြီ။ ဒီဇာတ်လမ်းတွဲက မြန်မာ ပြည်သူပြည်သားတွေ အတွက် အသိဥာဏ်တွေ အများကြီးရစေမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီမြန်မာပြည်မှာရှိတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပုဒ်မတွေ အများကြီးရှိပါတယ်။ အဲဒီ့ဥပဒေနဲ့ ပတ်သက်ပြီး မသိသေးတဲ့သူတွေ၊ ခံနေရတာ ရှိတယ်။ တစ်ချို့တွေ ကိုယ့်ဘက်က မှန်နေရဲ့သားနဲ့ မသိလိုက်တာတွေ ရှိတယ်။

မပန်က နေရယ်လရယ် ကားရိုက်နေတဲ့ တောက်လျှောက်မှာရော၊ မရိုက်ခင်အချိန်မှာရော ရှေ့နေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရတယ်။ law အကြောင်းအကုန်လုံးကို ရိုက်နေရင်းနဲ့ လေ့လာဖြစ်တယ်။ ဒီကားလေး ထွက်လာရင်တော့ ကြည့်မိတဲ့ မြန်မာပြည်သူလူထုအတွက် အများကြီး အထောက် အကူပြုမှာပါ။ မပန်လုပ်လာရတဲ့ အနုပညာသက်တမ်းအနေအထားအရ တော့သူ့ရှိသင့်တဲ့ အရည်အချင်း၊ အနေအထားတော့ ရှိတာပေါ့နော်။ ဒါပေမယ့်လည်း အနုပညာဆိုတာ သတ်မှတ်လို့ မရပါဘူး။ အနုပညာဆိုတာ အခုချိန်ထိ လေ့လာနေရတုန်းပါပဲ။ အခုချိန်ထိ သင်ယူနေရတုန်းပါပဲ။ ရှေ့က Senior အနုပညာ သမားဆီကရော၊ နောက်တက်လာကြတဲ့ အနုပညာရှင် အသစ်လေးတွေဆီကပါ ပညာတွေကို လေ့လာပါတယ်။ မပန်ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ရတာထက် ဇာတ်လမ်းတွဲ ရိုက်ရတာ ပိုပြီး အဆင်ပြေတယ် လို့ထင်ပါတယ်။
ကိုယ့်ရဲ့ အနုပညာတန်ရာ တန်ကြေးလည်း ရသလို တစ်ခြားအကြောင်းအရာတွေ လိုအပ်တာ မှန်သမျှ အစစအရာရာ အားလုံး လိုလေးသေးမရှိ စီစဉ်ဆောင်ရွက်ပေးတယ်။ နိုင်ငံအကျိုးပြုကားလေး ရိုက်ရတဲ့ အတွက်လည်း မပန်ဂုဏ်ယူတယ်။ နောက်ပြီး ဒါရိုက်တာ ဦးအောင်ကိုလတ်ကလည်း ဇာတ်ဝင်ခန်းတွေ ရိုက်နေစဉ်မှာလည်း သူများတွေ အပြင်မှာပူပြီးရိုက်နေရတဲ့ အချိန်မှာ ကိုယ်တွေအတွက် အဲယားကွန်း ၁၂လုံးတောင်ဖွင့်ပေးထားတာ ဆိုတော့ သူများတွေ ပူနေတဲ့အချိန်မှာ ကိုယ်တွေက အေးအေးလေးနဲ့ ရိုက်နေရတာဆိုတော့ အရမ်းကိုအေးအေးဆေးဆေးနဲ့ ရိုက်ရတယ်ဆိုတော့ မပန်တို့ တအား အဆင်ပြေပါတယ်။
နောက် မပန်ရဲ့အမြင်အရ ပြောရမယ်ဆိုရင်တော့ နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေထက် ရုပ်သံ ဇာတ်လမ်းတွဲတွေက ပိုပြီး တွင်တွင်ကျယ်ကျယ် ရိုက်လာရမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ရုပ်သံလိုင်းတွေ အများကြီး ပေါ်လာကြပြီ။
ရုပ်သံလိုင်းတွေကနေ မြန်မာကားတွေ ကို နေ့တိုင်း ထုတ်လွှင့်ပြသပေးနေတယ် ဆိုတော့ လူတွေက ဗီဒီယိုဇာတ်ကား တွေဌားကြည့်တာထက် ရုပ်သံကနေ လွှင့်နေတဲ့ မြန်မာကားတွေကို ကြည့်လာကြတာ ပိုများတယ်။ ဗီဒီယိုကား တွေ ထွက်လာပေမယ့်လည်း ရုပ်သံလိုင်းကပြမှာပဲဆိုပြီး ဗီဒီယိုကားတွေ မဌား ကြည့်ကြ တော့ဘူး”လို့ သူမက ပြောပါတယ်။

No comments:

Post a Comment

back to top