Friday, August 1, 2014

ဖိုတိုမော်ဒယ်အပြင် အလှမ်းဝေးနေတဲ့ဂီတလောက ဆီ ခြေလှမ်း သစ်တွေနဲ့ ခိုင်သဇင်ငုဝါ

ဖိုတိုမော်ဒယ်လ်တစ်ယောက်အနေနဲ့အနုပညာလောကထဲမှာ ၂ နှစ်ကျော်မျှ ရပ်တည်လာတဲ့ ခိုင်သဇင်ယုဝါ ဟာဆိုရင် ခုဂီတဖက်မှာ အခြေချဖို့ကြိုးစားနေတယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံပြီး သိချင် တာလေးတွေ မေးမြန်းကြည့်လိုက်တဲ့အခါ “ညီမ အနုပညာအလုပ် လုပ်လာတာ ဖိုတိုမော်ဒယ်အနေနဲ့ဆို ၂ နှစ်ခွဲလောက်ရှိပြီပေါ့။ သရုပ်ဆောင်ထက် ညီမက သီချင်းဆိုချင်တာ။ အဆိုတော် တစ်ယောက်ဖြစ်ချင် တာဆိုတော့ နဲနဲကြိုးစားပြီး လုပ်နေတယ်။ သရုပ်ဆောင်က ညီမ အမ်တီဗီတွေလောက်ပဲ ရိုက်ဖြစ်တယ်။
ပြီးတော့ သရုပ်ဆောင်တစ်ယောက် လုပ်ဖို့တွက်ကလဲ ညီမတို့မှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ သီချင်းတွက်ကတော့ ညီမမော်ဒယ် မလုပ်ခင်ကတည်းက ဦးစောနုဆီမှာ အဆိုသင်တန်းတက်ထားတယ်။ တက်ပြီးတော့ သီချင်း ၄ ပုဒ်လောက် သူငယ်ချင်းတွေနဲ့ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ သီချင်းနဲ့ပတ်သတ်ပြီး ဆက်မလုပ်ဖြစ်တော့ဘူး။ ခုနောက်ပိုင်းကျတော့မှ သီချင်းနဲ့ ပတ်သက်ပြီး ဆက်လုပ်ဖြစ်တာပေါ့နော်။ ဘယ်လိုစဉ်းစားဖြစ်လဲဆိုတော့ အနုပညာ အလုပ်လုပ်လာတာ ၂နှစ်လဲကျော်ပြီဆိုတော့ ငါဝါသနာပါခဲ့တဲ့ ဂီတနဲ့ပတ်သတ်ပြီး ပြန်လုပ်မယ်ဆိုပြီး အကောင်အထည်ဖော်နေတယ်။ ကိုယ်လိုချင်တဲ့ အောင်မြင်မှု ပန်းတိုင်ကိုလဲရောက်အောင် သွားဖို့အတွက် ကြိုးစားနေတယ်။ မြူးဇစ်ပုံစံတွေထဲမှာတော့ ညီမက ပေါ့တို့ R&B တို့ ကို ပိုအားသန်တယ်။ လို့ သူမက ပြောပါတယ်။

No comments:

Post a Comment

back to top