Friday, August 1, 2014

ပွဲဦးထွက် ကလီယိုပါထရာအတွက် စိတ်လှုပ်ရှားနေ တဲ့ ဖြူဖြူကျော် သိန်းနဲ့ စန္ဒီမြင့်လွင်

ဖြူဖြူကျော်သိန်းနှင့် တွဲ ဖက်သီဆိုထားသည့် ကလီယိုပါ ထရာသီချင်းကို   ဩဂုတ် ၁၆ ရက်တွင်ပြုလုပ်မည့် ဖျော်ဖြေပွဲ၌ အကအဖွဲ့များနှင့် အမိုက်စား ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောသည် ‘‘ဒီသီချင်းကို အခွေထွက်ပြီး စင်ပေါ်မှာ ပထမဆုံးဆိုမှာဆို တော့ ရင်လည်းခုန်တယ်၊ ပျော် လည်းပျော်တယ်။ အကအဖွဲ့နှစ်ဖွဲ့နဲ့ အမိုက်စားဆိုဖို့ စဉ်းစားထားပါတယ်’’ဟု ၎င်းကပြောသည်။
ဖျော်ဖြေမည့်   အသေးစိတ် အစီအစဉ်ကိုမူ ဖြူဖြူကျော်သိန်း နှင့်တိုင်ပင်၍ ပြုလုပ်သွားမည်ဖြစ် ပြီး အင်ဒိုးဖျော်ဖြေမှုဖြစ်သော ကြောင့် ပါဖောမန့်ဖျော်ဖြေမှုပိုင်း တွင် အကောင်းဆုံးတင်ဆက်နိုင် မည်ဟုပြော သည်။ ယင်းသီချင်းများ ဖျော်ဖြေမှု နှင့်ပတ်သက်၍ ဖြူဖြူကျော်သိန်း ကလည်း ယင်းသီချင်းတွင်ပါဝင် သည့် ‘‘ခေတ်အမြင်ခေတ်အသွင် နဲ့ အဲဗားသစ်လွင်အသစ်မြင်တဲ့ ဖြူဖြူကျော်သိန်းနဲ့ စန္ဒီမြင့်လွင်’’ ဆိုသည့် စာသားများအတိုင်း ၎င်း တို့နှစ်ဦးကို အမြင်သစ်၊ အသွင် သစ်များနှင့် တွေ့မြင်ရ မည်ဖြစ် ကြောင်း ပြော သည်။‘‘ကလီယိုပါထရာသီချင်းကို အမ်တီဗီရိုက်ကူးမှုနဲ့မတူတဲ့ဖျော် ဖြေတင်ဆက်မှုပုံစံတွေ စဉ်းစား နေကြပါ တယ်။ ဒီသီချင်းကို ဖြူဖြူ ကိုယ်တိုင်လည်း ကြိုက်တယ်။ စင်ပေါ်မှာ ဖျော်ဖြေရမှာကိုလည်း စိတ်လှုပ်ရှား တယ်’’ဟု ၎င်းက ပြောသည်။
ထို့အပြင် အဆိုပါဖျော်ဖြေ ပွဲသည် လူဦးရေကန့်သတ်ချက် ဖြင့်သာ လက်မှတ်ရောင်း ချ သည့် ဖျော်ဖြေပွဲဖြစ်သောကြောင့် ဂီတ စင်မြင့်ဖျော်ဖြေမှုပုံစံကဲ့သို့ အသစ်ဖြစ်သလို   ရန်ကုန်ပရိသတ်နှင့် မဆုံတွေ့ရသည်မှာ    ကြာပြီဖြစ် သောကြောင့် ၎င်း၏ ဖျော်ဖြေမှု ပုံစံအသစ်များကိုလည်း မြင်တွေ့ ရမည် ဟု ၎င်းကပြောသည်။ အဆိုပါ  ဖျော်ဖြေပွဲတွင် ဇော်ပိုင်၊ Rဇာနည်၊ ဟဲလေးတို့ လည်းပါဝင်မည်ဖြစ်ပြီး ဩဂုတ် ၁၆ ရက်တွင် Sky Star ဟိုတယ် ၌ ပြုလုပ်မည်ဖြစ်သည်။

No comments:

Post a Comment

back to top