မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု ဂျပန်ကန့်ကွက်
ဂျပန်အစိုးရ၏
ထိပ်တန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ရိုရှီဟီဒီဆူဂါက မြောက်ကိုရီးယားနိုင်ငံ၏
တာတိုပစ်ပံ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခြင်းကို ဂျပန်နိုင်ငံက ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု
ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။ ရိုရှီဟီဒီဆူဂါက ဒုံးကျည်စမ်းသပ်ပစ်လွှတ် ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံ၏
လုပ်ရပ်မှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေခဲ့သည့် အပြင် ရန်စခြိမ်းခြောက်လိုသော
အသွင်မျိုးဖြစ်နေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ပြောသည်။
No comments:
Post a Comment