Friday, July 25, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဌေးဦးအား
သြစတြေးလျနိုင်ငံမှ သံရုံးယာယီတာဝန်ခံ လာရောက်တွေ့ဆုံ


          ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား သြစတြေးလျနိုင်ငံမှ သံရုံး ယာယီတာဝန်ခံ Mr.Carla Giuca သည် ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရုံးဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

 တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။



No comments:

Post a Comment

back to top