Friday, July 25, 2014

ဂါဇာအပစ်ရပ်ရန် ကယ်ရီ၏ကြိုးပမ်းမှု ဟားမတ်စ်တို့လက်သင့်မခံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများရပ်တန့်သွားစေရန် အပစ်အခတ်ရပ်စဲရေးကိစ္စအဆိုပြုလာသည့်အပေါ် ဟားမတ်စ် စစ်သွေးကြွအုပ်စုမှ ငြင်းပယ်လိုက်သည်ဟု သိရသည်။


မည်သည့်အပစ်ရပ်ရေးသဘောတူညီမှုမဆို ၄င်းတို့အဓိကတောင်းဆိုထားသော နယ်မြေမှ အစ္စရေးနှင့် အီဂျစ်တို့ပူးပေါင်းပိတ်ဆို့ထားမှုအား ဖယ်ရှားမည်ဆိုသည့်အချက်ပါဝင်မှသာ လက်သင့်ခံမှုဟု ပြောကြား ခဲ့သည်။

လွန်ခဲ့ သောသီတင်းပတ်က အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှဆောင်ရွက်ထားသော အပစ်ရပ်ရေး အဆိုပြုချက်အား အမေရိကန်၊ အစ္စရေးနှင့် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများမှ ပိုမိုဆီလျှော်မှု ရှိအောင်ပြုပြင်လျှက်ရှိကြောင်း Wall Street ဂျာနယ်က ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment

back to top