ခရိုင်ဦးစီးမှူး လွိုင်ကော်မြို့နယ် ကျေးလက်ဖွံ့ဖြိုးမှုလုပ်ငန်းကွင်းဆင်းကြည့်ရှု
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လောပိတကျေးရွာအုပ်စု မိုက်ကန်းကျေးရွာ စိမ့်စမ်းရေသွယ် ယူပြီးစီးခြင်း၊ မြနီကုန်းကျေးရွာ သစ်သား တံတား ဆောက်လုပ်ပြီးစီးခြင်းနှင့် မြေနီကုန်း ကျေးရွာလမ်း (သီရိဒေါ) လမ်း ဖောက်လုပ်မည့်အခြေအနေစသည့် လုပ်ငန်းရပ်များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ် စီမံ ခန့်ခွဲရေးကော်မတီဝင်များ၊ မြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးဘစိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်တို့မှ ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခဲ့သဖြင့် မိုက်ကန်းကျေးရွာတွင် ရေလုံလောက်စွာရရှိပြီး၊ မြေနီကုန်းကျေးရွာတံတားပြီးစီးခဲ့သဖြင့် သွားလာရေးလွယ်ကူလျင်မြန် ခဲ့ကြောင်းသိရှိရသည်။
No comments:
Post a Comment