Friday, July 25, 2014


ပြည်နယ်ပါတီဥက္ကဌ ပါတီကော်မတီအဆင့်ဆင့်အား လုပ်ငန်းလမ်းညွှန်


ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ၊ ဗဟိုကော် မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးသည် ဇူလိုင်လ(၂၄)ရက်နေ့လည် (၁၂း၀၀)မှ (၁၆း၃၀)ထိ ပြည်နယ်ပါတီရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပါတီကော်မတီဝင် အဆင့်ဆင့်တို့အား လုပ်ငန်းလမ်းညွှန်သည့် အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြား လမ်းညွှန်မှုပြုခဲ့သည်။
ပါတီဥက္ကဌက “တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်အစည်း အဝေး (ပြည်နယ်အဆင့်)ကို မကြာမီကျင်းပတော့မည်ဖြစ်၍ အနှစ်သာရရှိရှိ ပြည့်ပြည့်စုံစုံ၊ နွေးနွေးထွေးထွေးဖြစ် အောင် စနစ်တကျ စီမံ ဆောင်ရွက် ကြစေလိုပါကြောင်း၊ မိမိတို့အစိုးရ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေ ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ပါတီရေးရာကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းကာ ရှေ့လုပ်ငန်းစဉ်များကို လမ်းညွှန်ခဲ့သည်။
ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသော ပြည်နယ်ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိန်ဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ ပြည်နယ်ကော်မတီဝင် ဦးလူရယ်ဘိုးလူနှင့် ပြည်နယ်စီမံ/စီးပွား ရေးရာဝန်ကြီး ဦးတော့ရယ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစောဟူးဟူးတို့မှ ဆွေးးနွေးတင်ပြ ပါသည်။
ထို့နောက် ပြည်နယ်ကော်မတီဝင်အသီးသီးကလည်း တင်ပြဆွေးနွေးကာ ဆွေးနွေးမှုအပေါ် ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်
အခမ်းအနားသို့ ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော် ခရိုင်/မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top