Friday, July 25, 2014

 ပထမဆုံးကြော်ငြာရိုက်ရတာ ရှက်ပြီးရင်တွေခုန်မိပါတယ်လို့ဆိုတဲ့  မင်းသန့်မောင်မောင်

ဒါရိုက်တာဇင်ရော်မောင်မောင်ရဲ့ မျိုးဆက်လည်း ဖြစ်သလို၊ သရုပ်ဆောင်ပိုင်းမှာ ဆရာကျလွန်းလှ တဲ့ မေးသန်းနုရဲ့ မျိုးဆက်လည်း ဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာ ခုဆိုရင် ကြော်ငြာတွေ ရိုက်ကူးဖြစ်လာ တဲ့အတွက် သူနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်တဲ့အခါ သူက “အခုရိုက်နေတဲ့ ကြော်ငြာက birthday passion tea ပါ။ ကျွန်တော့်ရဲ့ ပထမဆုံး တီဗီကြော်ငြာရိုက်ဖူးတာဖြစ်သလို ပထမဆုံး သရုပ်ဆောင်ဖူးတာပါ။
ပထမဆုံး ကြော်ငြာစရိုက်ဘူး တာဆိုတော့ ကိုယ်သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး မပြောတတ်သေးပါဘူး။ ဒီကြော်ငြာရိုက်ဖို့အတွက် တစ်ပတ်တိတိ လေ့ကျင့်ခဲ့ရတယ်။ အကသင်ရတယ်။ အဖေ့ရဲ့သင်ပြမှုအတိုင်း အဖေ့စကား နားထောင်ပြီး ကျင့်ခဲ့ပါတယ်။ အခုကြော်ငြာရိုက်နေချိန်မှာ ကျွန်တော်ပျော်ပြီး ရင်တွေခုန်နေတယ်။ လူတွေလည်း အများကြီးပဲ လာကြည့်ကြတယ်ဆိုတော့ ကျွန်တော်အရမ်း ရှက်နေ တယ်။ ဒါပေမယ့်ကျွန်တော် ကြော်ငြာရိုက်နေတာကို အခုလို လူတွေအများကြီး လာကြည့်ကြ တာကို တွေ့ရတော့ ကျွန်တော်ပျော်တယ်။
သူတို့တွေကြည့်ရတာ တန်အောင်လို့ ကျွန်တော့်ဘက်ကအကောင်းဆုံးကြိုးစားသရုပ် ဆောင်ပြရတာပေါ့။ ကျွန်တော့်ရဲ့ကြော်ငြာလေးကိုတော့ အောင်မြင်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် သူတို့တွေ အဘက်ဘက်ကနေ အများကြီးပံ့ပိုးကူညီပေးကြလို့ သူတို့အပေါ်မှာအရမ်းအားနာမိတယ်။ အဲဒါကြောင့်အကောင်းဆုံး သရုပ်ဆောင်ပြတာပါ။ ဒါပေမယ့် စစချင်းဆိုတော့ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု က ကောင်းချင်မှ ကောင်းလိမ့်မယ်။ ငယ်ငယ်ကတော့ အနုပညာ အသိုင်းအဝိုင်းက သူတွေနဲ့ ဆော့ဖူး တယ်။ ရိုက်ကွင်းတွေ ရောက်ခဲ့ဖူးတယ်ဆိုတော့ အဲဒီ့တုန်း ကတော့ ပျော်စရာတော်တော်ကောင်းပါတယ်။” လို့ ပြောပါတယ်။
နောက်ပိုင်းမှာ သရုပ်ဆောင်လောကထဲခြေချဖြစ်မလားဆိုတာကိုတော့ “ကျွန်တော်က အခုချိန်မှာ ပညာရေး ကိုပဲ ဦးစားပေးပြီး လုပ်နေတယ်။ ပြီးတော့ ကျွန်တော်နိုင်ငံခြားမှာ စာသွားသင်ဖို့ ရှိသေးတယ် ဆိုတော့ ပြန်ရောက်လာမှပဲ သရုပ်ဆောင်လောကထဲခြေချဖြစ်မယ်လို့ထင်တယ်။” လို့ သူက ပြောပါတယ်။

No comments:

Post a Comment

back to top