Friday, July 25, 2014

အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ် မာလီနိုင်ငံမြောက်ပိုင်းတွင် ပျောက်ဆုံးလျက်ရှိ

လေယာဉ်ခရီးစဉ်အမှတ်-၅၀၁၇ ဖြင့် ဘူကီနာဖာဆိုနိုင်ငံ မြို့တော် အိုရွာဂါဒူရူမှ အယ်လ်ဂျီးရီးယားနိုင်ငံ မြို့တော် အယ်လ်ဂျီးယားစ်သို့ ဦးတည်ပျံသန်းလာသည့် လေယာဉ်တစ်စင်းသည် အဆက်အသွယ်ပြတ်တောက် သွားပြီး ပျောက်ဆုံးနေကြောင်း အဆိုပါလေကြောင်းလိုင်းမှ တာဝန်ရှိ သူများက ပြောကြားကြသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည်နှင့်လေယာဉ်အမှုထမ်း ၁၁၆ ဦးလိုက်ပါခဲ့သည်ဟု ဆိုသည်။ လေယာဉ်သည် မာလီနိုင်ငံမြောက်ပိုင်းရှိ စစ်သွေးကြွများနှင့် အစိုးရတပ်ဖွဲ့များ တိုက်ခိုက်နေသော ဒေသအား ဖြတ်ကျော်ပျံသန်းချိန်၌ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ကြောင်း ပြင်သစ်သယ်ယူပို့ဆောင်ရေး ၀န်ကြီး ဖရက်ဒရစ်ကူမီလာက ပြောကြားသည်။
စစ်သွေးကြွများသည် ပြင်သစ်တပ်ဖွဲ့နှင့်ရော မာလီအစိုးရတပ်ဖွဲ့များနှင့်ပါ တိုက်ခိုက်လျက်ရှိသည်။ ပျောက်ဆုံးနေသော လေယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ပြင်သစ်နိုင်ငံသားများ ပါဝင်ဖွယ်ရှိကြောင်း ပြင်သစ်သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောကြားသည်။
ခရီးသည် ၁၁၀ နှင့် လေယာဉ်ဝန်ထမ်း ခြောက်ဦးလိုက်ပါလာသော ဘိုးအင်းလေယာဉ်သည် ဇူလိုင် ၂၄ ရက် ဒေသစံတော်ချိန် ၁ နာရီ ၅၅ မိနစ်ခန့်တွင် လေကြောင်းထိန်းမျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့သည်။ ခရီးသည်တင် ဂျက်လေယာဉ်သည် ဘူကီနာဖာဆိုမှ စတင်ပျံသန်းခဲ့ပြီးနောက် မိနစ် ၅၀ အကြာတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း အယ်လယ်ဂျီးရီးယားနိုင်ငံပိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။

No comments:

Post a Comment

back to top