ရာထူးမှနုတ်ထွက်ရန် အီရန်၏တိုက်တွန်းမှု အယ်လ်မာလီကီပယ်ချ
အီရတ်ဝန်ကြီးချုပ် နိုရိ အယ်လ်မာလီကီသည် အီရန်နိုင်ငံမှ ၄င်းအားရာထူးမှ နုတ်ထွက်ပေးရန် တိုက်တွန်းပြောကြားချက်အား ပယ်ချခဲ့သည်ဟုအီရတ်အကြီးတန်းနိုင်ငံရေး သမားများက ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့ သည်။
၎င်း၏ ထိပ်တန်းမဟာမိတ်များမှ တတိယသက်တမ်းတာဝန်ဆက်လက်ယူရန်
တိုက်တွန်းလာလျှင်ပင် တိုင်းပြည်၏ နိုင်ငံရေးပဋိပက္ခများ
ယခုထက်အခြေအနေပိုမိုဆိုးရွားမလာစေရန် ၄င်းအနေဖြင့် ငြင်းပယ်ရန်
ဆုံးဖြတ်ထားကြောင်း အလေးပေးပြောကြားခဲ့သည်။
အယ်လ်မာလီကီသည် ၄င်းအားရာထူးမှ နုတ်ထွက်ပေးရန် ကိစ္စနှင့် ပတ်သက်ပြီး
ယခင် ရှီးယိုက်နိုင်ငံရေးမဟာမိတ်များနှင့် အီရတ်နိုင်ငံ၏ ထိပ်တန်းဘာသာရေး
ယုံကြည်သက်ဝင်မှုသြဇာရှိသူများ အပါအ၀င် တဖြည်းဖြည်းတိုးတက်လာနေသော
ဖိအားများနှင့် ရင်ဆိုင်နေရသည်မှာ သီတင်းပတ်ပေါင်းများ စွာရှိပြီဖြစ်ကြောင်း
သိရသည်။
No comments:
Post a Comment