အုပ်ချုပ်ရေးအာဏာ အလွဲသုံးစားပြုသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် သမ္မတအား တရားစွဲရန် အောက်လွှတ်တော်သဘောတူ
အမေရိကန်သမ္မတအိုဘားမားသည် အုပ်ချုပ်ရေးအာဏာများကို အလွဲသုံးစားပြုခဲ့သည်ဟူသော စွပ်စွဲ ချက်ဖြင့် အလွန်ပင်ပွဲဆူစေမည့် တရားစွဲဆိုမှု တစ်ရပ်ပြုလုပ်ရန် အမေရိကန် အောက်လွှတ်တော် အမတ်များက သဘောတူညီခဲ့ကြပြီး ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲကလာတွင် ဥပဒေရေးရာ တိုက်ပွဲတစ်ရပ်ကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
သမ္မတအား တရားစွဲဆိုရင် သဘောတူဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ၂၀၁၊ ထောက်ခံမဲ ၂၂၅ မဲဖြင့် အောက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဒီမိုကရက်ပါတီပါတီပါဝင် အမတ်များအားလုံးက ကန့်ကွက်ခဲ့ကြသည်။ ယခုတရားစွဲဆိုမှုသည် သမ္မတအား အခြေခံဥပဒေကို လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေတွင် တစ်ဖက်သတ် ပြောင်း လဲမှုများ ပြုလုပ်ခြင်းဖြင့် သမ္မတသည်သူ၏ အခွင့်အာဏာ ကို ကျော်လွန်ဆောင်ရွက်ခဲ့သည်ဟု ရီပတ်ဗလီကန် အမတ်များကပြောကြားသည်။
ယခုနှစ်တွင် ကျင်းပမည့် ကွန်ဂရက်ရွေးကောက်ပွဲများအတွက် ရီပတ်ဗလီကန်ပါတီကို ထောက်ခံသော မဲဆန္ဒရှင်များအား လှုံ့ဆော်နိုင်ရန်အတွက် ယခုတရားစွဲဆိုမှုသည် နိုင်ငံရေးဆိုင်ရာ လုပ်ကြံမှု တစ်ရပ်ဖြစ်သည်ဟု ဒီမိုကရက်ပါတီဝင် အမတ်များက တံဆိပ်ကပ်ခဲ့ကြသည်။ ထို့အပြင် ယခုလုပ်ဆောင်ချက်သည် သမ္မတအိုဘားမားအား စွပ်စွဲပြစ်တင်လို သည့် ရှေးရိုးစွဲသမား များအား နှစ် သိမ့်နိုင်ရန် ရီပတ်ဗလီကန်ပါတီ၏ ထိပ်တန်းခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်လည်းဖြစ်သည်ဟု ဒီမိုကရက်များကဆိုသည်။ သို့ရာတွင်ရှေးရိုးစွဲသမားဟု ဆိုကြသည့် အောက် လွှတ်တော် ဥက္ကဋ္ဌဂျွန်ဘိုနာက ၎င်းတို့အနေဖြင့် သမ္မတကို စွပ်စွဲအပြစ်တင်ရန် အစီအစဉ်လုံးဝမရှိ ဘဲ နောင်တွင်လည်း ထိုသို့လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း၊ ယခုဖြစ်ရပ်သည် အိမ်ဖြူတော်ရှိ ဒီမိုကရက်ပါတီဝင်များက စတင်ခဲ့သော လှည့်ကွက်သက်သက်သာဖြစ်သည်ဟု ဂျွန်အိုနာက ပြောသည်။
သမ္မတ အိုဘားမားသည် အခြေခံဥပဒေကို လေးစားလိုက်နာမည်ဟု ကျမ်းကျိန်ထားသော်လည်း အပြည့်အ၀ မလိုက်နာကြောင်း၊ သ မ္မတအားဝန်ခံမှုရှိစေရန်နှင့် အခြေခံဥပဒေကို ကာကွယ်ရန် အရေးကြီးသည့် ဆောင်ရွက်ချက်ကို အောက်လွှတ်တော်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရီပတ်ဗလီကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
No comments:
Post a Comment