Friday, July 25, 2014

အိန္ဒိယ၀န်ကြီးချုပ်မိုဒီနှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌတွေ့ဆုံ

အိန္ဒိယ၀န်ကြီးချုပ် နရိန္ဒာမိုဒီနှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကကင်တို့သည် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

နောင်လာမည့် အနာဂတ်ကာလအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မည့် နည်းလမ်းများ ဆွေးနွေးခဲ့ညပီး ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ကောင်းမွန်သော လူနေမှု ဘ၀ကိုလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း မိုဒီက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ ငွေကြေးထောက်ပံ့မှုများထက် အကြံဥာဏ် များ။ အသိပညာများနှင့် ပညာရှင်များကို ပိုမိုလိုအပ်နေပြီး အခြေခံလူတန်းစားများအတွက် ကောင်းမွန်သော အနာဂတ်ကို လိုပ်ဆောင်ရန်မှာ အရေးပါဆုံးသော လိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏စီမံကိန်းများသည် ကောင်းမွန်သော အကျိုးရလဒ်များကို ဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း မိုဒီက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကင်အနေဖြင့် ကမ္ဘာ့ဘဏ်လုပ်ငန်းများကို ၎င်းတာဝန်ယူလုပ်ကိုင်နေသည့် ကာလအတွင်း ၀န်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရခြင်းသည် ကောင်းမွန်သော အရာများထဲမှ ကံကောင်းမှု တစ်ခုပင်ဖြစ်နိုင်ကြောင်း။ ထို့ပြင် မိုဒီ၏ အိန္ဒိအပေးထားရှိသော မျှော်မှန်းချက်များသည် ၎င်းတို့အလွန်ပင် အံ့အားသင့်စေခဲ့ကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရရှိမည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။


No comments:

Post a Comment

back to top