Thursday, July 24, 2014

ဒူးဒဏ်ရာ ပျောက်ကင်းသွားပြီလို့ ရိုနယ်ဒို ပြော



ရီယယ်မက်ဒရစ် တိုက်စစ်မှူး ရိုနယ်ဒိုက ဒူးဒဏ်ရာ ပျောက်ကင်းသွားပြီလို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အင်္ဂါနေ့က ပြောကြားပါတယ်။ သူဟာ MTGကုမ္ပဏီရဲ့ အလှပြင် ထုတ်ကုန်သစ်တွေကို ကြော်ငြာပေးဖို့ ဂျပန်နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ အဲဒီအလှပြင်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ရိုနယ်ဒိုက "ကျွန်တော့်ဒဏ်ရာ ပျောက်သွားပါပြီ။ နေလို့အတော် ကောင်းပါတယ်။ ကျွန်တော်ကလိဂ်ပွဲတွေ စစေချင်နေပါပြီ။ ရာသီသစ်မှာလည်း နှစ်တိုင်းလိုပဲ ကျွန်တော့် အသင်းအတွက် ဂိုးတွေသွင်းပေးပြီး ချန်ပီယံဆုတွေ ရယူပေးနိုင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဒါရာသီတိုင်းအတွက် ကျွန်တော့် ရည်မှန်းချက်ပါပဲ"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top