Thursday, July 24, 2014

အိမ်လွမ်းသူအောင်ရင်ရဲ့ ‘အိမ်အလွမ်း

အင်္ဂလန်နိုင်ငံတွင်နေ ထိုင်လျက်ရှိသော အဆိုတော် အောင်ရင်က မြန်မာပြည်နှင့် သူ၏ပရိသတ်ကို လွမ်းသဖြင့် ‘အိမ်အလွမ်း’အမည်ဖြင့် သီချင်း တစ်ပုဒ်သီဆိုခဲ့သည်။ ‘အိမ်အလွမ်း’သီချင်းကို ဇူလိုင် ၂၅ ရက်မှစကာ MyanmarMusic Store တွင် အွန်လိုင်းမှ တစ်ဆင့်ရောင်းချတော့မည်ဟု ဦးကိုကိုလွင် ကပြောသည်။

အင်္ဂလန်နိုင်ငံတွင်ရောက်ရှိ နေသော အောင်ရင်ကလည်း ၎င်း ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ‘‘ကျွန်တော်မြန်မာပြည်ကိုလွမ်း သလို ကျွန်တော့်ရဲ့ပရိသတ်တွေ ကိုလည်းလွမ်းနေပါတယ်။ ပြန် လာချင်ပေမယ့် ပြန်ဖို့အဆင်သင့် မဖြစ်သေးဘူးဗျာ။ ဒီသီချင်းလေး ကိုပဲ အလွမ်းပြေဆိုထားတယ်’’ ဟုရေးသားထားသည်။
ယင်းသီချင်းကို တေးရေး အယ်ဖြူကိုယ်စားဖြန့်ချိခွင့်ပေးသည့် အယ်နောင်း၊ သီချင်း အချောသပ်   တီး ခတ်ပေးသော ချစ်စမ်းမောင်၊ ယင်းသီချင်းအ တွက် ဒီဇိုင်းဆွဲပေးသည့် မျိုးဆွေသန်းနှင့်    သီချင်းဖြန့်ချိရာ တွင် ကူညီပေးသည့်ဒေါက်တာ ကိုကိုလွင်တို့ကို    ကျေးဇူးတင်ကြောင်း ရေးသားထားသည်။
‘‘ကိုအောင်ရင်ဟိုမှာနေတဲ့ အချိန်ဆိုထားတဲ့သီချင်းလေးပါ။ ဒါပေမဲ့ တစ်ပုဒ် တည်းဖြစ်နေတာ့ ဖြန့်ဖို့ အဆင်မပြေဘူးဖြစ်နေတာ။ အစ်ကိုနဲ့သူနဲ့ကလည်း သူငယ် ချင်းတွေဆိုတော့ အွန်လိုင်း ကနေ ဖြန့်ဖို့ ဆက်သွယ်လို့ ကူညီပေး ဖြစ်တာပါ’’ဟုဦးကိုကိုလွင်က ပြောသည်။ ယင်းသီချင်းသည် တေးရေး ဆရာအယ်ဖြူရေးစပ်ထားသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး အချော သပ်ပိုင်းကို    အိုင်းရင်းခရော့စ် အဖွဲ့နှင့် ပြန်လည်တီးခတ်ထား ကြောင်း၎င်းကပြောသည်။ ‘‘ဒီသီချင်းက အိမ်နဲ့ခွဲနေရတဲ့ လူတိုင်း ခံစားလို့ ရနိုင်မယ့်သီချင်း လေးပါ’’ဟု ဦးကိုကိုလွင်ကပြော သည်။

 

No comments:

Post a Comment

back to top