Friday, July 25, 2014

ပန်းချီ ကာတွန်း ပိုစတာပြိုင်ပွဲနှင့် ပြပွဲ ကျင်းပမည်

သြဂုတ်လ အတွင်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ''အဆင့်မြင့် မြို့တော် ဖြစ်စေရေး အားလုံးပါဝင် ဆောင်ရွက်ပေး'' ခေါင်းစဉ်ဖြင့် ပန်းချီ၊ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ (၂ဝ၁၄)ကို ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်နှင့် အလွတ် တန်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး မိမိတို့ နှစ်သက်ရာဖြင့် လွတ်လပ်စွာ ရေးဆွဲ နိုင်သည်။  မူလတန်း၊ အလယ် တန်း၊ အထက်တန်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ရေးဆွဲပြီး ပုံများကို အမည်၊ အဘ အမည်၊ အတန်း၊ ကျောင်း၊လိပ်စာ၊ လိုင်စင်ဓာတ်ပုံ သုံးပုံနှင့် ကျောင်း အုပ်ကြီး၏ ထောက်ခံချက်ဖြင့် ပေးပို့ရမည် ဖြစ်ပြီး တက္ကသိုလ်အဆင့်  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  အမည်၊  အဘ အမည်၊အထူးပြုဘာသာ၊  တက်ရောက်သည့်နှစ်၊ တက္ကသိုလ် အမည်၊ ၂ဝ၁၄-၂ဝ၁၅ ကျောင်းသားကတ် မိတ္တူနှင့် လိုင်စင်ဓာတ်ပုံ သုံးပုံဖြင့်  ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
အလွတ်တန်း အဆင့်တွင် အမည်၊ နေရပ်လိပ်စာ၊ လိုင်စင်ဓာတ်ပုံ သုံးပုံဖြင့် ပေးပို့ရမည် ဖြစ်ပြီး ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲဝင်များသည် မိမိရေးဆွဲသည့် ပြိုင်ပွဲဝင် ကားချပ်များကို သြဂုတ် ၁၁ ရက်မှ ၁၅ ရက်ညနေ ၄ နာရီနောက်ဆုံး ထား၍ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top