လာမည့်နှစ် ခရီးသွား ရာသီတွင် အင်းလေး ဒေသ၌ မီးပုံးပျံ ခရီးစဉ်သစ် စတင် ပျံသန်းမည်
လာမည့်နှစ် ခရီးသွား ရာသီတွင် အင်းလေး ဒေသ၌ မီးပုံးပျံ ခရီးစဉ်သစ် စတင်ပျံသန်း မည်ဖြစ်ကြောင်း မီးပုံးပျံ ကုမ္ပဏီဖြစ်သည့် Myanmar Ballooning ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ယခုအခါ မြန်မာနိုင်ငံ အတွင်း၌ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားနေပြီး မီးပုံးပျံ စီးနင်းလိုသည့် ခရီးသွားများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာသောကြောင့် အင်းလေး ဒေသတွင် စတင် ပျံသန်းနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပုဂံဒေသနှင့် မန္တလေး ဒေသတို့တွင် မီးပုံးပျံ ခရီးစဉ်ကို ပျံသန်းနေပြီး ပုဂံဒေသ၌ မီးပုံးပျံ စီးနင်းမည့် ခရီးသွား ဧည့်သည် များပြား နေခြင်းကြောင့် တိုးချဲ့ ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။
အင်းလေး ဒေသတွင် မီးပုံးပျံ ခရီးစဉ်များ ပျံသန်းနိုင်ရန် အတွက် စမ်းသပ် ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ မီးပုံးပျံ စီးနင်းလိုသော ခရီးသွား ဧည့်သည် အများစုမှာ အမေရိကန် နိုင်ငံသားများ ဖြစ်ပြီး အခြားသော ပြည်ပ ခရီးသွား ဧည့်သည် အများစုမှာလည်း စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။ မီးပုံးပျံများမှာ လေးယောက် စီးနှင့် ရှစ်ယောက် စီးနင်းနိုင်သည့် မီးပုံးပျံများ ဖြစ်ပြီး မီးပုံးပျံ စုစုပေါင်း ခြောက်စီးဖြင့် ခရီးစဉ်များကို ပျံသန်း မည် ဖြစ်ကြောင်း သိရသည်။
ယင်းမီးပုံးပျံ ခရီးစဉ်များအတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ဝဝဝန်းကျင် ကျသင့်မည်ဖြစ်ပြီး နေရာဒေသ အလိုက် ဈေးနှုန်းကွာခြားမှုများ ရှိမည်ဖြစ်သည်။ ယင်းမီးပုံးပျံကို နံနက်ပိုင်းနှင့် ညနေပိုင်း များတွင်သာ စီးနင်းနိုင်မည် ဖြစ်ပြီး တစ်ရက်လျှင် ခန့်မှန်းခြေ လူဦးရေ ၂၄ ဦးခန့်သာ စီးနင်း နိုင်ကြောင်း၊ လက်ရှိတွင် စီးနင်း လိုသော ခရီးသွားဧည့်သည်များ အနေဖြင့် ကြိုတင်၍ စာရင်းပေး သွင်းထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment