Thursday, July 24, 2014


ကွမ်းခြံကုန်း လေဆင်နှာမောင်းဒဏ်သင့် ပြည်သူများအတွက် 

ထောက်ပံ့ငွေ နှင့် ဆန်အိတ်များလှူဒါန်း




၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက် ည ၂၃ ၀၀ နာရီ အချိန်ခန့်က ကွမ်းခြံကုန်း မြို့နယ်၊ သောင်းခြံကျေးရွာ အရှေ့ပင်လယ် ဘက်ခြမ်းသို့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် (၃၈)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သဖြင့် မုန်တိုင်းသင့် မိသားစုများအတွက် ဇူလိုင်လ (၂၂)ရက်က အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ မှ ကွမ်းခြံကုန်းမြို့နယ် သောင်းခြံကျေးရွာ လေဘေးသင့် ပြည်သူ များအတွက် ထောက်ပံ့ငွေနှင့်ဆန်အိတ်များကိုကော့မှူးမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်နှင့် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာယီအတွင်းရေးမှူး ဦးဌေးဝင်း တို့အဖွဲ့မှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ 
ပျက်စီးဆုံးရှုံးမှုကြီးမားသည့် အိမ်(၁၀)လုံးအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၅)သိန်းစီ၊ ကျန်လေမုန်တိုင်းသင့် နေအိမ် (၂၈)လုံးမှ လေဘေးသင့် မိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂) သိန်းစီ၊ တစ်အိမ်လျှင် ဆန်(၁) အိတ် စီတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top