Thursday, July 24, 2014

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်မှ လေ့လာရေးအဖွဲ့ ၀င်များ အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာန ချုပ်ရုံးတွင် တွေ့ဆုံနှုတ်ဆက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးခန်းမဆောင်၌ ဇူလှိုင်လ ၂၃ ရက်နေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်နှင့် စီမံရေးရာဌာနကြီး တာဝန်ခံ ဗဟိုအကြံပေး ဦးဇော်မင်း(မကွေးတိုင်းဒေသကြီး တာဝန်ခံ) တို့က မကွေးတိုင်းဒေသကြီး သရက်မြို့နယ် အတွင်းရေးမှူး ဦးဆလိုင်းစမ်း ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်စု ၆၁ အုပ်စုမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအထောက်အကူပြုအဖွဲ့များ၊ စုစုပေါင်းအင်အား ၉၉ ဦးကို တွေ့ဆုံနှုတ် ဆက်ပြီး ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ပါတီကနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု အကျိုး သယ်ပိုးဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။ အဆိုပါလေ့လာရေးအဖွဲ့များသည် လွှတ်တော်ရုံး များသို့သွားရောက်၍ လွှတ်တော်အဆင့်ဆင့် ကျင်းပနေပုံများကို လေ့လာကြမည်ဖြစ်သည်။


No comments:

Post a Comment

back to top