Thursday, July 24, 2014

ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း 

ဘိုကလေးတွင် ဖွင့်လှစ်



ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ပါတီမှ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲကိ ဇူလိုင်လ ၂၃ ရက် နံနက် (၈) နာရီတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီစည်းရုံးရေးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။



အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့် ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ တို့က သင်တန်း ဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခေတ္တအတွင်းရေးမှူး ဦးလှဌေးက သင်တန်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်း တာဝန်ခံ မြို့နယ်ပါတီကော်မတီဝင် ဦးဇင်ဘိုဘိုမောင် က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ပါတီစည်းရုံးရေးမှူးနှင့် အမှုဆောင်များ စုစုပေါင်း သင်တန်းသာ (၆၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ (၂၃) ရက်မှ (၂၅) ရက်နေ့ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top