ရုပ်/သံကြော်ငြာအတွက် ဂျပန်နိုင်ငံကို နေမာ ရောက်လာ
ဘရာဇီး တိုက်စစ်မှူး နေမာဟာ ရုပ်/သံကြော်ငြာတွေ ရိုက်ကူးဖို့အတွက် ကြာသပတေးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ရောက်လာပါတယ်။ ဟာနီဒါလေဆိပ်မှာ သူ့ကို ပရိသတ် (၇၀၀)ကျော်လောက် ကြိုဆိုပြီး အမှတ်တရ လက်မှတ်တွေ ရေးထိုးခိုင်းခွင့် ရဖို့အတွက် ကြိုးစားခဲ့ပါတယ်။ တကယ်တော့ နေမာဟာ ဗုဒ္ဓဟူးနေ့ကတည်းက တိုကျိုကို လာဖို့ စီစဉ်ခဲ့တာပါ။ လေကြောင်းခရီးစဉ် ရွှေ့ဆိုင်းခဲ့ရတာကြောင့် ကြာသပတေးနေ့မှ ရောက်လာတာပါ။ နေမာဟာ နောက်ကျောဒဏ်ရာ မသက်သာသေးပေမယ့် အခုတိုကျိုမြို့မှာ အားကစားသမားသုံး မွေ့ယာကြော်ငြာနဲ့အတူ တခြားရုပ်/သံအစီအစဉ်တွေကို ရိုက်ကူးသွားဖို့ စီစဉ်ထားပါတယ်။ ဂျပန်ပရိသတ်တစ်ဦးက ’’လူတွေ အရမ်းများနေပေမယ့် သူ့ကိုကောင်းကောင်း တွေ့လိုက်ရပါတယ်။ ဒီအတွက် ကျေနပ်မိပါတယ်’’လို့ ပြောပါတယ်။ တခြားလူငယ် ပရိသတ်တစ်ဦးကတော့ သူ့ရှေ့မှာ လူတွေပိတ်နေလို့ နေမာကို မတွေ့လိုက်ရဘူးလို့ ပြောသွားပါတယ်။
No comments:
Post a Comment