စတန်းဖို့ဒ် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ကို ဆီရီနာဝီလျံ တက်ရောက်
ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု စတန်းဖို့ဒ်မြို့မှာ ကစားတဲ့ စတန်းဖို့ဒ် တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်(၁) အမျိုးသမီး ဆီရီနာဝီလျံက တတိယအဆင့် တက်ရောက် သွားပါတယ်။
အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်မှာ အမေရိကန် တင်းနစ်မယ် ဆီရီနာက ကမ္ဘာ့အဆင့်(၄၅)ရှိ ချက်တင်းနစ်မယ် ကာရိုလီနာလစ်ကိုဗာကို (၇း၅၊၆း၂)နဲ့ (၆၄)မိနစ်ကြာ ကစားပြီး အနိုင်ရသွားပါတယ်။ ဆီရီနာအနေနဲ့ ပြီးခဲ့တဲ့ ၀င်ဘယ်ဒန်မှာ တတိယအဆင့်က ထွက်ခဲ့ရပါတယ်။ အဲဒီနောက် ဒီပြိုင်ပွဲမှာ ဆီရီနာ ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်တာ ဖြစ်ပါတယ်။ ဒီWTAကွင်းမာပြိုင်ပွဲမှာ ဆီဒင်ထိပ်တန်းအဆင့် ရထားတဲ့ ဆီရီနာဟာ ပထမအဆင့် ပြိုင်စရာမလိုဘဲ ဒုတိယအဆင့်ကနေ စတင်ပြိုင်ရတာဖြစ်ပြီး အခုအနိုင်ရလို့ ကွာတားဖိုင်နယ် တက်သွားပါတယ်။ "ကျွန်မကစားတာ ကောင်းတယ် ထင်တာပဲ။ လမ်းကြောင်းမှန်ပေါ်တော့ ရောက်နေပါပြီ။ နောက်ပွဲအတွက် ကျွန်မစိတ်လှုပ်ရှားနေပါတယ်"လို့ ဆီရီနာက ပြောပါတယ်။
No comments:
Post a Comment