Thursday, July 24, 2014

သဘင်ဘိုးဘွားရိပ်သာဆောက်ဖို့ ရန်ပုံငွေဖျော်ဖြေပွဲပြုလုပ်မယ့် ဖိုးချစ်


သဘင်ဘိုးဘွားရိပ်သာ တစ်ခုတည်ဆောက်နိုင်ရန် ရန်ပုံ ငွေဖျော်ဖြေပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲမှ ရရှိသည့် ငွေကြေးအားလုံးကို လှူဒါန်းသွားမည်ဟု ဖိုးချစ်ကပြောသည်။ ‘‘စပွန်ဆာတွေနဲ့တိုင်ပင် ကြည့်မယ်။ ကုန်ကျစရိတ်အားလုံး ခံမလား။ မခံနိုင်ရင်လည်း ကျွန် တော်အားလုံးစိုက်မယ်။ ဒါပေမဲ့ လက်မှတ်ရောင်း လို့ရမယ့် ငွေ တွေအားလုံးကိုတော့ သဘင်ဘိုး ဘွားရိပ်သာဆောက်ဖို့လှူဒါန်းမှာ ပါ’’ဟု ဖိုးချစ်ကပြော သည်။
ယင်းရန်ပုံငွေသတင်းဖျော် ဖြေပွဲကို သြဂုတ် ၇ရက်နှင့် ၈ရက် တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည် ဖြစ်ပြီး နေ့စဉ် ည ၇နာရီခွဲတွင် စတင်ကပြမည်ဟုဆိုသည်။ ‘‘ဖျော်ဖြေပွဲအစီအစဉ်တွေ က တစ်ရက်နဲ့ တစ်ရက်လည်းမ တူပါဘူး။ ပြဇာတ်တွေက ဆရာ မြို့တော်မောင်ယဉ်အောင်ရဲ့အမိ ရွှေလက်တေး ပုခက်ပြဇာတ်နဲ့ ကို ဓီရာမိုရ်ဖန်တီးပေးမယ့်ဘုရင့် နောင်ပြဇာတ်တွေပါမယ်’’ဟု၎င်း ကပြောသည်။
ထို့အပြင် အော်ပရာအနေ ဖြင့်လည်း နတ်တို့ဖန်တဲ့ ပန်းကြာ အိုင်နှင့် နှစ်ပါးဆုံမည့်ရွာမည့်မိုး (ကိန္နရီ ကိန္နရာ)အော်ပရာများကို ကပြပေးမည်ဖြစ်ကာ နှစ်ပါးသွား အတွက်လည်း သျှန်ထွန်း(မြန်မာ စာ)၏ သီချင်းသစ်များဖြင့်ဖျော် ဖြေပေးမည်ဟု ဖိုးချစ်ကပြော သည်။
ဖျော်ဖြေပွဲလက်မှတ်အနေ ဖြင့် ခုံတစ်လုံးလျှင် ကျပ်တစ် သောင်းသတ်မှတ်ထားပြီး  လူ လေးဦး ၀င်ရောက်ကြည့်ရှုနိုင် မည့် ဖျာတစ်ချပ်လျှင်ကျပ် လေးသောင်းဖြင့်ရောင်းချပေးမည်ဖြစ် ပြီး လက်မှတ် များကို ဇူလိုင်လ ကုန်ပိုင်း၌ ရောင်းချပေးမည်ဖြစ် သည်။ သဘင်ဘိုးဘွားရိပ်သာကို ၎င်း၏ အနုပညာကြေးများဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဘိုး ဘွားရိပ်သာတစ်ခုလုံးပြီးစီးသွား သည့် အချိန်တွင် တစ်ခါတည်းလှူ ဒါန်းသွားမည်ဟု ဖိုးချစ်ကပြော သည်။

No comments:

Post a Comment

back to top