Miss Globe International 2014 ပြိုင်ပွဲ မြန်မာအလှမယ် ဂျူးစံသာ ဝင်ရောက်ယှဉ်ပြိုင်မည်
မြန်မာအလှမယ်များ နိုင်ငံတကာ ပြိုင်ပွဲများသို့ ထိုးဖောက်ဝင်ရောက်
ယှဉ်ပြိုင်လျက်ရှိရာ Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက်
ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာ လာမည့်ဩဂုတ်လ
ဒုတိယသီတင်းပတ်၌ အဇာဘိုင်ဂျန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ မြန်မာအလှမယ် ဂျူးစံသာသည် အဇာဘိုင်ဂျန်နိုင်ငံဘာကူမြို့ခရစ္စတယ်ခန်းမ၌
ကျင်းပမည့် Miss Globe International 2014 ပြိုင်ပွဲတွင်
ကမ္ဘာ့နိုင်ငံပေါင်း ၁၁၄နိုင်ငံမှ နိုင်ငံကိုယ်စားပြုအလှမယ် ၁၁၄ ဦးနှင့်
ယှဉ်ပြိုင် မည်ဖြစ်သည်။
ဂျူးစံသာသည် ဩဂုတ် ၁၁ ရက်တွင် အဇာဘိုင်ဂျန်၌ စတင်စခန်းသွင်းလေ့ကျင့် မှုများ
ပြုလုပ်ရ မည်ဖြစ်ပြီး စိတ်ကြိုက် ကိုယ်ဟန်ပြခြင်း၊
မေးခွန်းများဖြေကြားခြင်း၊ ဘဲလေးအကနှင့် ဆီမီးခွက်အကများ ကပြခြင်းတို့
ပြုလုပ် ရမည်ဖြစ်သည်။ ဩဂုတ် ၁၃ ရက်တွင် စတင်ယှဉ်ပြိုင်ကာနောက်ဆုံးအဆင့် အလှမယ် ရွေးချယ်ပွဲ ကို ဩဂုတ် ၃၀ရက်တွင် ကျင်းပမည်ဖြစ်သည်။ Miss Globe International 2014 ပြိုင်ပွဲကို (၈၉)ကြိမ်မြောက် အဖြစ်
အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပခြင်းဖြစ်ပြီး Miss Globe International ဆုကို
သီရိလင်္ကာနိုင်ငံမှအလှမယ် Ruchini Tanasha က ဆွတ်ခူးရရှိခဲ့သည်။
ဂျူးစံသာသည် ယခုပြိုင်ပွဲတွင်မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်
ယှဉ်ပြိုင်ရာ တွင် နိုင်ငံတကာဆုများ ရရှိခဲ့သည့်
အခြားမြန်မာအလှမယ်များနည်းတူ ပထမဆု ဆွတ်ခူးနိုင်ရေး အတွက် ကြိုးစားပြင်ဆင်
လျက်ရှိသည်။ ဆွတ်ခူးရရှိမြန်မာအလှမယ်များဖြစ် သည့်မေမြတ်နိုးသည် Miss Asia Pacific
World 2014 ဆု ရရှိခဲ့ပြီးမြန်မာနိုင်ငံမှ ပအိုဝ်းတိုင်းရင်းသူ
နန်းခင်ဇေယျာ သည်လည်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် People Choice Award
နှင့် Miss Internet ဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။
No comments:
Post a Comment