ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ဂီတဖျော်ဖြေပွဲ အတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး ဂီတဖျော်ဖြေပွဲကို Orchid ဟိုတယ်မှာ ဇူလိုင်လ(၁၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခုလိုဖျော်ဖြေပွဲကိုတော့ မြန်မာတိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေး
ပရဟိတအသင်းက ဦးစီးကျင်းပပေးတာဖြစ်ပြီး ဒီအသင်းအနေနဲ့ ရခိုင်ဒေသကို
(၂)ကြိမ်သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအသင်းအနေနဲ့ (၂)ကြိမ်သွားရောက် လှူဒါန်းခဲ့စဉ်က ရခိုင်တိုင်းရင်းသားများအတွက် အထောက်အပံ့အကူအညီများ
များစွာလိုအပ်နေသေးတာကြောင့် အခုလိုရန်ပုံငွေဖျော်ဖြေပွဲကို
စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီရန်ပုံငွေဖျော်ဖြေပွဲမှာ
နိုင်ငံကျော်အဆိုရှင် (၁၈) ဦးပါဝင်မှာဖြစ်ပြီး အစီစဉ်တင်ဆက်သူများအဖြစ်
ခင်လှိုင်၊ဒိန်းဒေါင်နဲ့ နန်းခင်ဇေယျတို့က တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီရံပုံငွေပွဲမှ ရရှိခဲ့တဲ့ငွေတွေကို
ဒီပွဲမှာပါဝင်ခဲ့တဲ့ တေးသံရှင်တွေနဲ့အတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ
သွားရောက်လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ သိပါတယ်။
No comments:
Post a Comment