Thursday, July 24, 2014

ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး သင်တန်းဆင်းပွဲ ရမည်း သင်းမြို့တွင် ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်း ၁/ ၂၀၁၄ သင်တန်းဆင်း ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခန်းမတွင် ကျင်းပရာ မြို့နယ်အထောက်အကူပြု အဖွဲ့၊ ခရိုင်၊ မြို့နယ်အတွင်းရေးမှူးများနှင့် အလုပ် အမှုဆောင်များ၊ ပါတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ရမည်းသင်း ခရိုင်ကော်မတီဝင် ဦးသော်တာဆောင်က သင်တန်းဆင်းအမှာ စကားပြောကြားပြီး သင်တန်းနည်းပြဆရာတစ်ဦးက သင်တန်းသားများ ကိုယ်စားသင်တန်း သားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ယင်းနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။




သင်တန်းကာလမှာ ယခုလ ၁၈ ရက်မှ ၂၂ ရက်အထိဖြစ်ပြီး ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်/ ကျေးအုပ်စု အသီးသီးတို့မှ လူငယ်ခေါင်းဆောင်များ တက်ရောက်ကြသည်။ သင်တန်းတွင် မဟာဗျူဟာ မဲဆွယ်စည်းရုံးခြင်းဆိုင် ရာအကြောင်းအရာများ၊ လူထုတွင်းစကားပြောခြင်း၊ အသင်းအဖွဲ့တည်ဆောက်ခြင်း၊ လူထုအားမဲဆွယ်စည်းရုံးခြင်း၊ မဲဆန္ဒရှင်များနှင့် ထိတွေ့ဆက်ဆံခြင်း၊ မြန်မာနိုင်ငံရေးလေ့လာဆန်းစစ်ချက် ခေါင်းဆောင်မှုဆိုင်ရာ စဉ်းစားတွေးခေါ် ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာခြင်း၊ လူငယ်ဖိုရမ်အတွေ့အကြုံရှင်းလင်းခြင်း၊ စိတ်ဓာတ်မြှင့်တင်ခြင်း အစရှိ သော ဘာသာရပ်များကို သင်ကြားပို့ချပေးကြောင်း သိရသည်။

No comments:

Post a Comment

back to top