Thursday, July 24, 2014

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေး(ဆင့်ပွား)သင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ပါတီမဟာဗျူ ဟာဖော်ဆောင်ရေး(ဆင့်ပွား) သင်တန်းအမှတ်စဉ် ၁/၂၀၁၄ ကို ဇူလှိုင် ၂၂ ရက်နေ့ နံနက် ၈ နာရီက သင်တန်းသား ၅၀ ဖြင့်ဖွင့်လှစ်ခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်မြင့်မြင့်ဦး၊ ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဆန်းနှင့် ဒေါ်ကုဋေသန်း၊ မြို့နယ်အတွင်းရေးမှူး ဦးသောင်းညွန့်နှင့် ကော်မတီဝင် ရှစ်ဦးတက်ရောက်ခဲ့ကြသည်။



တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ကိုယ်စား တိုင်းဒေသကြီးကော်မတီဝင် မန္တလေးခရိုင် နယ်မြေတာဝန်ခံ ဒေါ်မြင့်မြင့်ဦးက သင်တန်းသားများ မှတ်သားနိုင်ရန် ပါတီဖွဲ့စည်းပုံများ၊ အသင်းမှ  ပါတီသို့ ပြောင်းလဲရသည့်ရည်ရွယ်ချက်များ၊ ပါတီ၏ လုပ်ဆောင်ချက်များ၊ ပါတီဝင်များ၊ လုပ်ဆောင်ရမည့်တာဝန်များ၊ လိုက်နာရမည့်စည်းကမ်းများ၊ ပြည်သူများ အတွက် ထားရှိရမည့်ခံယူချက်များ၊ ပါတီဝင်များတွင်ရှိရမည့် အရည်အချင်းများကို မှာကြားပြီး ပါတီအောင်နိုင်ရေး အတွက်သာ မဟုတ်ဘဲ ပြည်သူ့လိုအပ်ချက်များကို အဓိကထား ဆောင်ရွက်ရန်တိုက်တွန်းမှာကြားခဲ့သည်။

ချမ်းအေးသာစံမြို့နယ်မှ ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး သင်တန်းကို အမှတ်စဉ် ၁/၂၀၁၄ မှ အမှတ်စဉ် ၄/၂၀၁၄ ထိ လေးကြိမ်တိုင်တိုင် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အမှတ်စဉ် တစ်ကြိမ်လျှင် သင်တန်းသား ၅၀ သာလက်ခံ သင်ကြားပေမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top