Thursday, July 24, 2014

အာဂျင်တီးနားနည်းပြ ဆာဘယ်လာကို ကွန်ဂရက်က ဂုဏ်ပြု



ဘရာဇီးလ် ကမ္ဘာ့ဖလားပွဲမှာ ဒုတိယသာ ရခဲ့ပေမယ့် အာဂျင်တီးနား အသင်းနည်းပြ အလက်ဂျန်ဒရိုဆာဘယ်လာကို အာဂျင်တီးနား ကွန်ဂရက်က ထိပ်တန်းဂုဏ်ပြုဆု အင်္ဂါနေ့က ချီးမြှင့်ခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် အသင်းအတွက် သူ့ရဲ့စွမ်းဆောင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်ခဲ့တာပါ။ နည်းပြဆာဘယ်လာဟာ (၂၀၁၄)ကမ္ဘာ့ဖလားပွဲမှာ အာဂျင်တီးနား အသင်းကို ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ (၂၄)နှစ်တာ ကာလအတွင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အာဂျင်တီးနားအသင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ "ဒီဆုက အလွန်ကြီးကျယ်ပါတယ်။ ကျွန်တော် ရခဲ့ဖူးသမျှ ဂုဏ်ပြုဆုတွေထဲမှာ အရေးပါဆုံး ဆုတစ်ခုပါ"လို့ နည်းပြဆာဘယ်လာက ပြောပါတယ်။ ဆာဘယ်လာရဲ့ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီကို (၁)ဂိုးဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

No comments:

Post a Comment

back to top