အားမာန်သစ်
Wednesday, June 18, 2014
ဂျီလတ်နဲ့ မဖူးသစ်ကျော် တို့ရဲ့ မင်္ဂလာ ဧည့်ခံပွဲကို ဇွန် ၂၁ ရက်၊ နေ့ခင်း ၁ နာရီ တွင် Western Park Royal (Kan Taw Gyi) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို တစ်ပွဲ ပဲပြုလုပ် မှာဖြစ်ပေမယ့် ဒီမင်္ဂလာပွဲ မှာတော့ သူငယ် ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲသွားဖို့ စိတ်ကူး ထားကြောင်း ဂျီလတ် ကပြောပါတယ်။ ဂျီလတ်နဲ့ မဖူး သစ်ကျော် တို့က ရည်းစားသက်တမ်း ၅ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။“၅ နှစ် အတွင်းမှာ သူနဲ့ကိုယ် ပြဿနာတစ်ခါမှ မတက်ဖူးဘူး။ မတက် ဖူးဘူး ဆိုတာကလည်း သူ့အိမ်ကို ဝင်ထွက်တာကလည်း မောင်နှမတွေ လိုပါပဲ။ သူနဲ့ကိုယ် နဲ့ အပြင် သွားတယ် ဆိုရင်လည်း သူ့အိမ်က တူမတွေ၊ ကလေးတွေ ပါ တယ်။ ခရီးတွေ ဘာတွေ သွားရင် သူက ကျွန်တော့်ကို ဖုန်းဆက်တယ်။ ခရီး သွားရတာ အဆင်ပြေ လား၊ နေရတဲ့ အခန်း အဆင်ပြေလားပေါ့။ ဒီလောက် ပါပဲ။ ဒီခရီးမှာ ဘယ်သူတွေ ပါလာသလဲ၊ မိန်းကလေးက ဘယ်သူတွေလဲ ဆို တာမျိုးတွေ လည်း သူမမေးဘူး။ သူ့မှာ အဲဒီလို အကျင့်လည်း မရှိဘူး။ တကယ် တော့ လူတွေက သဝန်တို တာကို ချစ်တယ်လို့ ထင်ကြတယ်။ အစ်ကိုကတော့ အဲဒီလို မထင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် Privacy တွေကိုဝင်ပြီး ပတ်သက်နေတယ် လို့ထင်တယ်။ ဒါက ချစ်ခြင်းမေတ္တာ နဲ့ တော့မဆိုင်ဘူးလို့ ထင်တယ်။ တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာက တိုက် ရိုက်သိစေတဲ့ စကားပါပဲ” လို့ နှစ်ယောက်ကြား ထားရှိတဲ့ နားလည်မှု ချစ်ခြင်း တရားတွေကို ဂျီလတ်က ပြောပါတယ်။ ဂျီလတ်က ချစ်သူ ဖြစ်တဲ့ မဖူးသစ်ကျော်နဲ့ First Year မှာ စတင်တွေ့ခဲ့ ပြီး နှစ်ယောက်စလုံး က စာဖတ်တာ ဝါသနာပါတဲ့ အတွက် စာအုပ်တွေ ငှားဖတ်ကြရင်း ခင်မင် ရင်းနှီး ခဲ့တာဖြစ် ပါတယ်။ အိမ်ထောင် ရှင်ဘဝဖြစ်ပြီး တဲ့နောက်ပိုင်း မိသားစု Plan နဲ့ပတ်သက်ပြီး ဂျီလတ်က. “အနုပညာက အစ်ကို့ရဲ့ အသက်မွေး ဝမ်းကျောင်းလို ဖြစ်နေပါပြီ။ ကိုယ်ဝါသနာ ပါတာရော၊ ကိုယ့်ရဲ့ စားဝတ်နေရေး အရရော အနုပညာ အလုပ်ကို လုပ်ရမယ့် အရာဖြစ် တယ်။ အဲဒီတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ဆက်လျှောက် သွားမှာပဲ။ မိသားစု Plan ကတော့ရှိပါ တယ်။ အခုလောလော ဆယ် အစ်ကို တို့နေမှာကတော့ အစ်ကို့ မိဘနဲ့ ကပ်လျက်ပေါ့။ ဒါကလည်း မိဘတွေ နဲ့ အမြဲ ထိတွေ့နေအောင်ပါ။ နောက် ၂ နှစ် အတွင်းမှာ ကလေးယူမယ်။ မိသားစု Plan တွေက တော့ တခြား အများ ကြီး ရှိပါသေးတယ်” လို့ ပြောပါတယ်။
Labels:
အနုပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment