Wednesday, June 18, 2014


MH-370 လေယာဉ်တည်နေရာ တွေ့ရန်နီးစပ်ဟုဆို
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အခြေစိုက်ထားသော Immarsat လေကြောင်း သုတေသန ကုမ္ပစီသည် မတ် ၈ ရက်က ပျောက်ဆုံးသွားခဲ့သော MH-370 လေယာဉ်တည်နေရာ ရှာတွေ့ရန် နီးစပ်နေပြီဟု သတင်း ထုတ်ပြန်လိုက်ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။

Immarsat ကုမ္ပဏီသည် ပြီးခဲ့သည့် မေလမှစတင်ကာ ပျောက်ဆုံးသွားခဲ့သော MH-370 လေယာဉ်၏ အသံလှိုင်းများဟု သတ်မှတ်နိုင်သည့် အသံလှိုင်းများကို ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ရာ တွင် လေယာဉ် ပျက်ကျခဲ့သည့် နေရာဟု ယူဆနိုင်သော အနီးစပ်ဆုံး တည်နေရာများကို ရှာဖွေနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ ကုမ္ပဏီမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် အိန္ဒိယသမုဒ္ဒရာတစ်နေရာတါင် MH-370 ပျက်ကျနေခဲ့ခြင်းဖြစ်ဖွယ်ရှိပြီး တည်နေရာကို မကြာမီ အတည်ပြုနိုင်ဖါယ်ရှိသည်ဟု ဖော်ပြထားသည်။

No comments:

Post a Comment

back to top