ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား နယူးဇီလန်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ
Mr. David Treacher နှင့် သံရုံးယာယီတာဝန်ခံ Mr. Bruce Shepherd တို့ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား နယူး ဇီလန်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ Mr. David Treacher နှင့် သံရုံး ယာယီတာဝန်ခံ Mr. Bruce Shepherd တို့သည် ဇွန်လ (၁၇) ရက် နေ့လည် ၁ နာရီ ၁၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နယူးဇီလန်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ Mr. David Treacher နှင့် သံရုံးယာယီတာဝန်ခံ Mr. Bruce Shepherd တို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့် ဆောင်ရွက်ရေးကိစ္စ ရပ်များ၊ မြန်မာ နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေနိုင်ပြီး လူမှု စီးပွား မြင့်မားတိုးတက်စေရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလား အလာများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက နယူးဇီလန်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ Mr. David Treacher နှင့် သံရုံးယာယီ တာဝန်ခံ Mr. Bruce Shepherd အား အမှတ်တရလက်ဆောင် ပစ္စည်း များပေးအပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment