Monday, June 23, 2014


ယူကရိန်းစစ်တပ် ရုရှားနယ်စပ်အားပိတ်ဆို့လိုက်ကြောင်း လွှတ်တော် ဥက္ကဌပြောကြား

ယူကရိန်းစစ်တပ်များက ရုရှနှင့်ထိစပ်လျှက်ရှိသော နိုင်ငံအရှေ့ဖက်နယ်စပ်အား ပိတ်ဆို့ထား လိုက်ပြီ ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌOleksandr Turchynov က ယူကရိန်းပါလီမန် အား သောကြာနေ့ က ပြောကြားခဲ့သည်။ နေတိုးအကြီးအကဲ Anders Fogh Rasmussen က ယူကရိန်းနယ်စပ်အနီးတွင် ရုရှမှစစ်အင်အားသစ်များဖြည့်တင်းလျှက်ရှိ သည်ဟု နေတိုးအဖွဲ့အားပြောကြားပြီးနောက်တစ်နေ့တွင် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောကြားချက်များကို ကိုးကားပြီး ၄င်း၏ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။
အနည်းဆုံး ရုရှစစ်သားထောင်ဂဏန်းခန့်သည် ယူကရိန်း နယ်စပ် အနီးတပ်ဖြန့်ချထားလျှက်ရှိကြောင်းနှင့် ယူကရိန်းနှင့်အိမ်နီးချင်းဒေသများတွင်လည်း စစ်တပ်များစနစ် တကျရွေ့ လျားလျှက်ရှိသည်ကို ၄င်းတို့တွေ့မြင်ကြောင်း Rasmussen က ပြောကြားခဲ့သည်။

 


No comments:

Post a Comment

back to top