Miss Universe Myanmar 2014 ဆန်ခါတင် အလှမယ် ၂ဝ ဦး လူမှုရေး လှုပ်ရှားမှု ခရီးစဉ် စတင်
Miss
Universe Myanmar 2014 ဆန်ခါတင် အလှမယ် ၂ဝ ဦးသည် လူမှုရေး လှုပ်ရှားမှု ခရီးစဉ်
အဖြစ် ယနေ့တွင် သရပါဟိုတယ်နှင့် Amazing Myanmar ဟိုတယ်တို့၏ ဖိတ်ကြား ချက် အရ
ပုဂံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင်
ဇွန် ၂၆ ရက်တွင် နန်းမြိုင် ဟိုတယ်၏ ဖိတ်ကြားချက်အရ ပြင်ဦးလွင်မြို့သို့
သွားရောက်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း ဒေသထုတ် လက်မှု လုပ်ငန်းများ လေ့လာခြင်း၊
ယဉ်ကျေးမှု အမွေအနှစ်များ လေ့လာခြင်း၊ လူမှု အကျိုးပြု လုပ်ငန်း ဆောင်ရွက်ခြင်းများ
ပြုလုပ် သွားမည် ဖြစ်ကာ ဇွန် ၂၇ ရက် တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်
ဖြစ်ကြောင်း သိရသည်။
''ဒီအချိန်ဆို
ပြင်ဦးလွင်မှာက ပန်းတွေလည်း ပွင့်နေပြီ ဆိုတော့ တော်တော်လှနေတဲ့အတွက်
မြန်မာနိုင်ငံရဲ့ လှပတဲ့ဒေသ တစ်ခုကိုလည်း ပရိုမိုးရှင်း လုပ်တဲ့သဘောပါ'' ဟု Miss
Universe Organization မှ ကိုချမ်းလင်းသူက ပြောသည်။
ထို့နောက်
ရန်ကုန်မြို့၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတွင် ပံ့ပိုး ကူညီသည့် Sponsor
Company များသို့ လည်ပတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အ ပြင် ဇူလိုင် ၎
ရက်မှ ၉ ရက်အထိ ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေသို့ သွားရောက် လည်ပတ်ကြမည်
ဖြစ်ကြောင်း သိရသည်။ လက်ရှိ Miss Famous ဆုအတွက် Online
Voting တွင် ခါးနံပါတ် ၆ ဇွန်သံစဉ်က ဦးဆောင်လျက် ရှိပြီး ဇူလိုင် ၂၆ ရက်အထိ
Voting ပြုလုပ်နိုင်ကြောင်း သိရသည်။
No comments:
Post a Comment