ဂျီယွန်း၏ 1 MIN 1 SEC တေးသီချင်းသစ်ကို SBS ရုပ်သံ၌ ဇွန် ၂၄ ရက်တွင် ထုတ်လွှင့် ပြသ မည်
ဆိုးလ် ဇွန် ၂၂T-ara အဆိုအဖွဲ့မှ
အဆိုတော် ဂျီယွန်းသည် သူမ၏ တစ်ကိုယ်တော် တေးသီချင်း သစ် ဖြစ်သော 1 MIN 1 SEC
ကို SBS ရုပ်သံ၏ The Show:All About K-pop ဟု အမည်ပေးထားသည့်
MTV အစီအစဉ်တွင် အသံသွင်း ရိုက်ကူးပြီး
ဖြစ်ကြောင်း သိရသည်။ ဂျီယွန်း၏ 1 MIN 1 SEC တေးသီချင်းကို SBS ရုပ်သံ၌ ဇွန်
၂၄ ရက်တွင် ထုတ် လွှင့် ပြသ သွားမည် ဖြစ်သည်။
ဂျီယွန်းက သူမ၏ တေးသီချင်း ရိုက်ကူးရာတွင်
ကူညီ ပေးခဲ့သူများကို ကျေးဇူး တင်ရှိကြောင်း၊ ထုတ်လွှင့် ပြသမည့် နေ့ကို
ရင်ခုန် မျှော်လင့် နေကြောင်းနှင့် မကြာမီ ထုတ်လွှင့် ပြသမည့်
အဖွဲ့ဝင်အစ်မဖြစ်သူ ဟိုမင်၏ NICE BODY တေးသီချင်းကိုလည်း ပရိသတ်များက
အားပေး စေချင်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment