စက်ရုပ်အများဆုံးဝယ်သည့်နိုင်ငံ တရုတ်ဖြစ်လာ
တရုတ်နိုင်ငံသည်
ကမ္ဘာပေါ်တွင် စက်ရုပ်အများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်လာကြောင်း ဆင်ဟွာ သတင်းဌာနက
ယနေ့ဖော်ပြသည်။ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်က ကမ္ဘာအရပ်ရပ်တွင် ထုတ်လုပ်ခဲ့သော
စက်ရုပ်ပမာဏ၏ ငါးပုံတ်ပုံကို ၀ယ်ယူခဲ့သည်ဟု တရားဝင်ထုတ်ပြန်လိုက်သော
မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံတွင်
၂၀၁၃ ခုနှစ်အတွင်းက စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်သော စက်ရုပ် ၃၆၈၆၀ ကို
ဝယ်ယူခဲ့ပြီး ၂၀၁၂ ခုနှစ်က စက်ရုပ်ဝယ်ယူခဲ့သော ပမာဏထက် ၃၆ ရာခိုင်နှုန်း
မြင့်တက်လာခဲ့သည်ဟု သိရသည်။ တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့သော စက်ရုပ်အများစုမှာ
ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ်များဖြစ် သည်ဟု ဆိုသည်။
No comments:
Post a Comment