ဇာတ်ကားအရေအတွက် ပိုမိုထည့်သွင်းပြသသွားမယ့် ဒုတိယအကြိမ် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဒုတိအကြိမ်မြောက်လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ(၁၅)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်နေပြီး ပထမအကြိမ်ကထက် ဇာတ်ကားပိုမိုထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချီးမြှင့်မယ့် ဆုအရေအတွက်ကိုလည်း ပိုမိုတိုးမြင့်ထားတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရပါတယ်။
လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ(၁၅)ရက်နေ့ညပိုင်းက ရန်ကုန်မြို့ Junction Square မှာ ဖွင့်ပွဲအခမ်းအနားနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပွဲကတော့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေဖို့အတွက် ရည်ရွယ်ပြီး (၂၀၁၃)ခုနှစ် ကစတင်ညပီး လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ပြည်တွင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုပြုလုပ်မယ့် ဒုတိယအကြိမ်လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက်္ခနိုင်ငံတကာရုပ်ရှင်ပွဲတော် မှာတော့ ပြည်တွင်းက လူငယ် ဒါရိုက်တာ (၃၀)ကျော်နဲ့ ပြည်ပနိုင်ငံပေါင်း(၂၄)နိုင်ငံက ဒါရိုက်တာ (၄၀)၀န်းကျင်ရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဇာတ်ကားပေါင်း(၆၇)ကား ကို ပြသသွားမှာ ဖြစ်ပြီး နိုင်ငံတကာဇာတ်ကား(၂၆)ကား၊ အာဆီယံကဇာတ်ကား(၉)ကားနဲ့ ပြည်တွင်းဇာတ်ကား (၃၂)ကားပါဝင်တယ်လို့ သိရပတယ်။ ဒုတိယအကြိမ်လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက်္ခနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာတော့ ပြည်တွင်း ပြည်ပက ပညာရှင်ပေါင်း(၂၀)ရဲ့ အကဲဖြတ်မှုနဲ့အတူ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ မတ်(၁၃)ဆု၊ ဟံသာဝတီဦးဝင်းတင်ဆု၊ ဗားကလစ်ဟာဗယ် လိုက်ဘရီဆုနဲ့ ပီတာဝင်းတိုနစ်စ် ဆု စတဲ့ ဆုပေါင်း(၈)ဆုကို ချီးမြငင့်သွားမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ ဇွန်လ(၁၉) ရက်နေ့မှာ ဆူးလေ ရှန်ဂရီလာ မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment