ဗီယက်နမ်နိုင်ငံကို သွားရောက်ဆွေးနွေးခဲ့သည့် တရုတ်ထိပ်တန်း သံတမန်တစ်ဦး
တရုတ်ထိပ်တန်းအမတ်တစ်ဦးဖြစ်တဲ့
“ယန်းဂျိချိ” ဟာ တောင်တရုတ်ပင်လယ်ကျွန်း အငြင်းပွားမှုနဲ့ပတ် သက်ပြီး သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့
သိရပါတယ်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး
“လီဟိုင်ဘီ” က တရုတ်ထိပ်တန်းသံတမန်တစ်ယောက်ဟာ ဗီယက်နမ်နိုင်ငံကို
လာရောက်မှာဖြစ်ပြီးတော့ တရုတ်ဗီယက် နမ်နှစ်နိုင်ငံအကြားမှာ ဖြစ်ပွားနေတဲ့
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ မှာဖြစ်တယ်လို့တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ
သံတမန်ခင်းဆိုင်ရာ အထူးကောင်စစ်ဝန်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး
သာမန်ဖိုရမ်ကို တက်ရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း
“ရန်” ဟာ ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ်အပြင်နိုင်ငံခြားရေးဝန်ကြီး “ဖန်ဘင်မင်း” နဲ့လည်း ဖိုရမ်အတွင်းတွေ့ဆုံမှာဖြစ်တယ်လို့
သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ
တောင်တရုတ်ပင်လယ်အတွင်းရှိ “ပါရာဆယ်” ကျွန်းစုတွေအနီးမှာ တရုတ်နိုင် ငံက ရေတံတူးစင်
တည်ဆောက်မှုကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်ခဲ့အပြီးမှာ
ပထမဦးဆုံး ကျင်းပတဲ့ အဆင့်မြင့်အဆင့် ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ အဆိုပါနေရာကို
တရုတ်နဲ့ ဗီယက်နမ်နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်လို့ ပြောကြားထားပါတယ်။
ဒါ့အပြင် ပင်လယ်အတွင်းမှာ
နှစ်နိုင်ငံက သင်္ဘောတွေ တစ်စင်းနဲ့တစ်စင်း တိုက်မှုဖြစ်ပွားတာတွေနဲ့
တခြားဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံကိုလည်း
အပြစ်တင်နေကြပါတယ်။ ဗီယက်နမ်နိုင်ငံ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့
လာမယ့်ဖိုရမ်ကနေ အခုဖြစ်ပွားနေ တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အဖြေရှာနိုင်မယ်လို့
ယုံကြည်တယ်လို့ ပြောကြားထားပါတယ်။
No comments:
Post a Comment