သက်မွန်မြင့်နဲ့
ပထမဆုံး ဇာတ်ရုပ်အပြိုင် သရုပ်ဆောင်ဖြစ်တဲ့ ၀တ်မှုံရွှေရည်
အမုန်းဆိုတဲ့ ရိုးရိုးအေးအေး ကောင်မလေး တစ်ယောက် အဖြစ်
ဝတ်မှုံရွှေရည် က “ချစ်လှစွာသော အမုန်း” ဇာတ်ကားမှာ သရုပ်ဆောင်နေပါတယ်။ ဇာတ်ဝင်ခန်း အရ
ငိုရတဲ့ အခန်းကိုပဲ ပြန်သရုပ်ဆောင်ရတာ ၅ ကြိမ်မ ကတော့ပေမယ့် ဒါရိုက်တာ မကြိုက်မချင်း
အိုက်တင်ကို သရုပ်ဆောင်နေ တာတွေ့ ရပါတယ်။
” ဒီဇာတ်ကားမှာ ကစ်လုပ်ရတဲ့ ဇာတ်ရုပ်လေးကိုလည်း သဘောကျပါတယ်။ ဇာတ်က ရို့မန့်ကိုမှ တအား အပြင်းကြီး မဟုတ်ဘူး။ ဇာတ်ကားက ရိုက်ကူးတာက မကြာသေးဘူး။ အခု pre ending ရိုက်နေတာ။ ဇာတ်ရဲ့တန်ပိုကို ချိန်ပြီးလုပ်ရတယ်။ ကိုဝိုင်း ကလည်း သူလိုချင်တဲ့မု(ဒ်) မရမချင်း ရိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီဇာတ်ကား စရိုက်က တည်း ကအမုန်း ဆိုတဲ့သူ တစ်ယောက်အဖြစ် စိတ်နှစ် ထားတယ်။ နည်းနည်းပင်ပန်းပေမယ့် သရုပ်ဆောင် တာဖြစ်တဲ့ အတွက် ပင်ပန်း တာလို့ သဘောမထားပါဘူး” လို့ ဝတ် မှုံရွှေရည်က ပြောပြပါတယ်။

သက်မွန်မြင့်နဲ့ ပထမဆုံးရိုက်ဖြစ်တဲ့
ဇာတ်ကားဖြစ်သလို၊ အပြိုင်ဇာတ်ရုပ် လိုလည်း ဖြစ်နေတာကြောင့် လက်ခံ ရိုက်ကူးဖြစ်ပုံနဲ့
ပတ်သက်ပြီး ဝတ်မှုံရွှေရည်က ” အပြိုင်ဇာတ်ရုပ် ဆိုတာထက် ပရိသတ် အတွက် ဇာတ်ကားကောင်း တစ်ကား
ဖန်တီးယူတယ်လို့ပဲ ကစ်သဘောထားတယ်။ အားလုံးက သူ့လုပ် ကွက်နဲ့ သူ၊ သူ့အပိုင်းနဲ့သူဆိုတော့
တစ်ယောက်တည်း ကောင်းနေလို့ မဖြစ်ဘူးလေ။ တက်ညီ လက်ညီ အားလုံး စိတ်နှစ်ပြီးလုပ်မှ ကားကောင်းတစ်ကား
ထွက် မှာလေ။ အဲဒီလိုမျှော်လင့်ပြီး ကြိုးစား ရိုက်နေပါတယ်။ အပြိုင်ဇာတ်ရုပ် ဆိုတာကလည်း
တစ်ယောက်နဲ့ တစ်ယောက် Support လုပ်ပေးပြီး အပေးအယူ မျှမျှနဲ့ ဒါရိုက် တာရော၊ မင်း သားရော
အားလုံး ကြိုးစားရတာပါ။
ဒီလို မသက်မွန် နဲ့အတွဲ
ဆိုတာ ပရိသတ်က မမြင်ဖူးသေးဘူး။ မင်းသမီးနှစ်ယောက်က ဟိုဘက် ဒီဘက် မတူညီတဲ့ ဇာတ်ရုပ်နဲ့
ရိုက်ပြ ထားတယ်။ ဇာတ်ရော၊ ကိုဝိုင်းကိုရော ယုံကြည် တယ်။ ကစ် ပရိသတ် အတွက် ဇာတ်ကားကောင်း
တစ် ကား ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
No comments:
Post a Comment